home

Saturday, July 12, 2014

ယူနတီဂျာနယ်မှ သတင်းထောက်များ ပြစ်ဒဏ်မှလွတ်ရန် သတင်းထောက်များဆုတောင်း



ရန်ကုန်မြို့ ကြေးသွန်းဘုရား၌ ထောင်ချခံသော သတင်းထောက်များ ပြန်လည်လွတ်မြောက်ရေးအတွက် သတင်းထောက်များဆုတောင်းနေစဉ် (ဓာတ်ပုံ- ကျော်ဇင်သန်း)
 
ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သောကြောင့် ၎င်းတို့ပြစ်ဒဏ်မှ ပြန်လွှတ်ရန်အတွက် ရန်ကုန်မြို့ရှိ 


သတင်းဌာနအသီးသီးမှ သတင်းထောက် ၁၀၀ ခန့် ယနေ့နံနက် ၁၀ နာရီတွင် ကြေးသွန်းဘုရား၌ ဆုတောင်းခဲ့သည်။
ဝတ်ပြုဆုတောင်းသော သတင်းထောက်များသည် ‘‘မီဒီယာဖိနှိပ်မှုရပ်’’စာတန်းများပါသည့် အင်္ကျီအဖြူများကိုဝတ်ဆင်ကာ ကြေးသွန်းဘုရားကြီးတွင် ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။ ယူနတီဂျာနယ် စီအီးအိုနှင့် သတင်းထောက်များအား ထောင်ချခဲ့ခြင်းကြောင့် ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာဂျာနယ်လစ်ရုံးခန်း ၌ အရေးပေါ်အစည်းအဝေးပြုလုပ်မည်ဖြစ်သည်။

(ဓာတ်ပုံ- ကျော်ဇင်သန်း)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...