ခမာဘာသာစကားနဲ့ ရေးထားတဲ့ သူ့ဆိုင်နာမည်ကို ဘာသာပြန်လိုက်ရင်
“ရွေ့လျားလက်သည်းအလှပြင် ဆိုင်”လို့ ဆိုနိုင်ပါလိမ့်မယ်။ အသက် ၄၂
နှစ်ရှိနေပြီဖြစ်တဲ့ ဗန်းနစ်အိုင်းဟာ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါပဲ။ သူ့ဆိုင်က
သိပ်ကြီးကြီးမားမားမဟုတ်။ စက်ဘီးတစ်စီးနောက်မှာ လက်သည်းအလှပြင်
ပစ္စည်းတွေနဲ့၊ အသားလှ ဆီဘူးတွေထည့်ထားတဲ့ အိတ်တစ်လုံး၊ ဒါပါပဲ။
ဖနွမ်းပင်မြို့ရဲ့ လမ်းကြိုလမ်းကြားနဲ့ မြစ်ကမ်းဘေးက ရပ် ကွက်တွေထဲ
စက်ဘီးနဲ့လျှောက်ပတ်ပြီး လက်သည်းအလှပြင်မယ့် ဖောက်သည်ရှာရတာပါ။
လွန်ခဲ့တဲ့သုံးနှစ်
ဗန်းနစ်အိုင်း ရွာကတက်လာတုန်းက ဖနွမ်းပင်မြို့ပေါ်မှာ ဆံပင်နဲ့
မိတ်ကပ်အလှပြင်ဆိုင် တစ်ဆိုင်ဖွင့်မယ်ဆိုတဲ့ အိပ်မက်တစ်ခု ရှိခဲ့ပါတယ်။
“ဒါပေမဲ့
ကျွန်မအိပ်မက်ကို ကျွန်မမိသားစုက အကောင်အထည်ဖော်ခွင့်မပေးနိုင်ပါဘူး။
ရှာလိုက်ရင် ညစ် ညစ်ပတ်ပတ် အလုပ်တွေပဲရတယ်၊ ကျွန်မက သမီးလေးနဲ့အတူတူ
အလုပ်လုပ်နိုင်မယ့် နေရာလေး တစ်ခု လောက်လိုချင်တာ”လို့ ဗန်းနစ်အိုင်းက
ဆိုပါတယ်။
ကြံရာမရတဲ့အဆုံးတော့ အိုင်းအတွက် စဉ်းစားလို့ရတာ တစ်ခုပဲ
ကျန်ပါတော့တယ်။ သမီးငယ် ချာမန်းရဲ့ အပျိုဘ၀ကို ချမ်းသာတဲ့လူတစ်ယောက်ဆီ
ရောင်းပြီး ဒေါ်လာ ၁,၂၀၀ ကျော်လောက်ရအောင် ရှာဖို့ပါပဲ။ သမီးကို
ဝယ်လိုက်တဲ့သူက သူအလုပ်လုပ်တဲ့ ”ဘီယာဥယျာဉ်” (ဘီယာ၊ မူးယစ်ဆေး၊ ကာရာအိုကေ၊
လိင် အစုံရနိုင်သည့်နေရာ)ကို အမြဲလာတတ်တဲ့ ရဲအရာရှိကြီးတစ်ယောက်ပါ။
ဖနွမ်းပင်မြို့ပြင်က ဟိုတယ်တစ်ခု မှာ သမီးကို ထားပါတယ်။ ပြီးတော့
တစ်ပတ်လောက် နေ့တိုင်းသွားပြီး အတူနေတယ်။
တစ်ရက်မှာ တစ်ကြိမ်ပဲ
သမီးငယ်ချာမန်းနဲ့ တွေ့ခွင့်ပေးတယ်။ ရက်စေ့သွားပြီး သမီးပြန်လာတော့ အနာ
ကျက်ဆေးတွေနဲ့ ဗီတာမင်ဆေးတွေ တိုက်ရပါတော့တယ်။ သူ အရမ်းပင်ပန်းပြီး
အားနည်းနေပြီလေ။ “နောက်ဆုံးနေ့ထိအောင် ကျွန်မသမီးခံနိုင်ရည်ရှိခဲ့တယ်”လို့
အိုင်းက ဆိုပါတယ်။
ပိုက်ဆံအပြည့်ရပေမယ့် သူစိတ်ကူးထားတဲ့
အလှပြင်ဆိုင်တော့ ဖြစ်မလာခဲ့ပါဘူး။ ရတဲ့ပိုက်ဆံထဲက အိမ်လခရယ်၊ နေမကောင်းတဲ့
ယောက်ျားအတွက် ဆေးကုစရိတ်ရယ်၊ အိုမင်းနေတဲ့ မိဘတွေကို ကန်တော့တာရယ်၊
ပြီးတော့ သမီးလေး စိတ်အားပြန်တက်လာဖို့ ရွှေလည်ဆွဲလေးတစ်ခုဝယ်ပေးတာရယ်နဲ့
ပိုက်ဆံက မကျန်တော့ပါဘူး။
အိုင်းရဲ့ စကားပြောပုံကို ကြည့်ရတာ
ဒီကိစ္စကို သူတော်တော်ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပုံရပါတယ်။ သူ့ရဲ့ ဆုံးဖြတ်
ချက်နဲ့အတွက်အချက် လွဲချော်မှုဟာ သူ့သမီးရဲ့ခန္ဓာကိုယ်နဲ့ လဲလှယ်လိုက်ရတာပဲ
အဖတ်တင်ပါတယ်။
ဗန်းနစ်အိုင်းတို့ သားအမိရဲ့ ဇာတ်လမ်းအပြင် သူတို့လို
အဆောင်ငှားနေရတဲ့လူတွေရဲ့ ၀မ်းနည်းဖွယ် ကောင်းတဲ့
ကျွန်ပြုခံရခြင်းတွေအများကြီးပါပဲ။ အပျိုရည် ရောင်းဝယ်ဖောက်ကားခြင်းဟာ
ကမ္ဘောဒီးယား နိုင်ငံရဲ့ အဆိုးရွားဆုံး လိင်ခေါင်းပုံဖြတ်မှုတွေထဲမှာ
တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ကြီးမားတဲ့ ဆင်းရဲချမ်း သာကွာဟမှုနဲ့
လိင်တန်းတူမညီမျှမှုတွေဟာ ဒီကိစ္စတွေကို ကြာရှည်တည်တံ့နေစေပါတယ်။
ကမ္ဘောဒီယား
မြို့မျက်နှာဖုံးတွေနဲ့ အာရှရဲ့ကြေးရတက်ရေပေါ်ဆီတွေဟာ
ဒီခေါင်းပုံဖြတ်မှုတွေကို အဓိကကျူးလွန်ကြသူ တွေပါပဲ။ နိုင်ငံရဲ့ လာဘ်စားမှု
သံသရာထဲမှာ သူတို့ ကောင်းကောင်းကြီး ပျော်ကြပါတယ်။
လူဦးရေ ဆယ့်
ငါးသန်းရှိတဲ့ ဒီနိုင်ငံမှာ ယဉ်ကျေးမှုဆိုင်ရာ အယူသည်းမှုတွေနဲ့
တခြားဒေသအလိုက်အယူအဆတွေကြား အပျိုရည်လိင်ကုန်ကူးမှုဟာ လိုအပ်ချက်တစ်ခုလို
ကြီးမားတဲ့စီးပွားရေး ဖြစ်နေဆဲပါ။
“အပျိုလေးတွေနဲ့ အတူတူနေခြင်းဟာ
ပျိုမြစ်နုနယ်စေတယ်၊ ရောဂါတွေကိုပျောက်စေတယ်။ သူမတူတဲ့ စွမ်းအင်တွေ
ရစေတယ်လို့ အသက် ၅၀ ကျော် အာရှလူကြီးတွေက ယုံကြည်ကြတယ်”လို့ ကမ္ဘောဒီးယား
မှာ လူ့အခွင့်အရေးကို ဦးဆောင်လုပ်တဲ့ လီကာဒိုအဖွဲ့ဥက္ကဋ္ဌ ခစ်ဗ်ကက်ပန်က
ဆိုပါတယ်။“နုံချာတဲ့ မိသား စုတွေဟာ စားဝတ်နေရေးအတွက် သူတို့
ခန္ဓာကိုယ်ကိုရောင်းပြီး စတေးကြရတယ်။ တရားဥပဒေ စိုးမိုး မှုကလည်း
အားနည်းတယ်”လို့ ခစ်ဗ်ကက်ပန်က ဆိုတယ်။
တရုတ်နိုင်ငံရဲ့
ဥသျှောင်ဥက္ကဋ္ဌကြီး မော် (မော်စီ တုန်း)နဲ့ မြောက်ကိုရီးယား
ကင်မ်မင်းဆက်တွေအပါအ၀င် အာရှရဲ့ ထိပ်တန်းလူကြီးလူကောင်းတွေဟာ အပျို
စင်ရဲ့သွေးက သူတို့ကို သက်ဆိုးရှည်စေတယ်လို့ ယုံကြည်ကြတယ်။
“တကယ်လို့
ရှိနေပြီးသား ၁၀ နှစ်အောက် အပျိုစင်လေးတွေကို လိင်မုဆိုးတွေက
မကြိုက်ဘူးဆိုရင်တောင် ဒီမှာရှိတဲ့ ပွဲစားတွေက ထပ်ရှာ ပေးဖို့
ဝန်မလေးကြဘူး။ သူတို့အတွက် အသက်ဘယ်လောက် ရှိပြီလဲဆိုတာ အရေးမကြီးဘူး။ ဘယ်
လောက်လှလဲဆိုတာနဲ့ ဘယ်လောက်ထိ အပျိုစစ်နိုင်မလဲဆိုတာကိုပဲ အရေးစိုက်တာ”လို့
ခစ်ဗ်ကက်ပန်က ရှင်းပြပါတယ်။
မိဘတွေကလည်း သူတို့သမီးပျိုတွေ ကို
ရောင်းစားကြတဲ့နေရာမှာ ကလေးသူငယ် အခွင့် အရေးဆိုတာတွေ ဂရုမစိုက်ကြပါဘူး။
လီကာဒိုအဖွဲ့ရဲ့ စစ်တမ်းကောက်တွက်ချက်မှုတွေအရ အသက် ၁၃ နှစ်နဲ့ ၁၈ နှစ်ကြား
အပျိုစင်တွေ နှစ်တိုင်းတစ်ထောင်လောက် ရောင်းစားခံနေရပါတယ်။ ချမ်းသာတဲ့ကမ္ဘော
ဒီယားတွေ၊ တရုတ်၊ စင်ကာပူနဲ့ ထိုင်းက လူကြီးလူ ကောင်းတွေဟာ
ပုံမှန်ဖောက်သည်တွေ ဖြစ်ပါတယ်။
“စီးပွားရေး ကိစ္စနဲ့ ဒီနိုင်ငံကို
လာမယ်။ မလာခင်ကတည်းက ပွဲစားနဲ့ ကြိုချိတ်ပြီးသား။ကြယ်ငါးပွင့် ဟိုတယ် မှာ
တည်းမယ်၊ ဂေါက်ရိုက်မယ်၊ ပြီးရင် အပျိုစင်နှစ်ယောက်လောက်နဲ့ တစ်ညလုံး
အချိန်ဖြုန်းမယ်။ ဒါသူတို့ အတွက် ပုံမှန်ပဲ”လို့ အင်္ဂလန်ကလာပြီး
ခေါင်းပုံဖြတ်မှုတိုက်ဖျက်ရေး အကြံပေးအဖြစ် ဖနွမ်းပင်မှာ အလုပ်လုပ်နေတဲ့
အဲရစ်မဲဒရမ်းက ဆိုပါတယ်။
ကမ္ဘောဒီးယားက လူတွေအတွက်
စီးပွားရေးအခွင့်အလမ်းဆိုတာ ရှားပါးလှပါတယ်။ လူဦးရေရဲ့
လေးပုံသုံးပုံလောက်က ဆင်းရဲမွဲတေမှုစံနှုန်းရဲ့အောက်မှာ ဒါမှမဟုတ်
မသေရုံစားနိုင်တယ် ဆိုရုံလောက်ပါပဲ။ ယောက်ျားတွေက တစ်ရက်ကို
တစ်ဒေါ်လာရှာနိုင်တယ်ဆိုရင် အမျိုးသမီးတွေက ၂၇ ဆင့်လောက်ပဲ
ရှာနိုင်ကြတယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ရဲ့ စစ်တမ်းက ဆိုပါ တယ်။
အမျိုးသမီးအလုပ်သမားထုအတွက် တခြားနေရာတွေမှာထက်
အတွင်းခံထုတ်လုပ်တဲ့စက်ရုံတွေက အဓိက ပိုက်ဆံရှာနိုင်တဲ့ နေရာတစ်ခုပါ။
စက်ရုံကရတဲ့ တစ်လ ဒေါ်လာ ၈၀ ကျော် ဆိုတဲ့ ၀င်ငွေဟာ တော် တော်နည်းပါတယ်။
ဒီအတွက် ကမ္ဘောဒီယားအလုပ်သမားတွေ ဆန္ဒဖော်ထုတ်နေကြဆဲပါပဲ။
ဒါပေမဲ့ တစ်
ဖက်မှာတော့ ဘီယာ ဥယျာဉ်တွေမှာ အလုပ်လုပ်မလား၊ ကာရာ အိုကေဆိုင်တွေမှာ
အလုပ်လုပ်မလား၊ မီး အနီရောင်အောက်က ဖဲမွေ့ရာပေါ် အလုပ်လုပ်မလား။
ကြိုက်တာရွေး။ အတွင်းခံစက်ရုံမှာ လုပ်တာထက် နှစ်ဆ တော့ ပိုရတယ်။ ဒါကြောင့်
တချို့ အမျိုး သမီးတွေအတွက် ဒါဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်လာ တယ်။
နောက်ထပ်
အပျိုစင်တွေ ဈေးကွက် ရောက်လာတဲ့ လမ်းကြောင်းတစ်ခုက ဘီယာဥယျာဉ် ပိုင်ရှင်
တွေဟာ သူ့ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးအမေတွေရဲ့ ဆယ် နှစ်အောက် သမီးလေးတွေကို
ဆိုင်ကိုခေါ် လာဖို့ ပြောပါ တယ်။ ပြီးရင် ခေါ်ထား တဲ့ ရက်အလိုက် သူ့မိဘ
တွေကို နေ့တွက်နဲ့ ဆန်ဖိုး၊ ဆီဖိုးပေးပါ တယ်။ ဒီမိန်းကလေးတွေ
အရွယ်ရောက်လာပြီဆိုမှ သူတို့ရဲ့ အပျို ရည်ကို ရောင်းစားပါ တော့တယ်။
ကမ္ဘောဒီးယား
ဥပဒေအရ ကိုယ့်ရွေး ချယ်မှုနဲ့ လိင်အလုပ်လုပ်ခြင်းဟာ
ရာဇ၀တ်မှုမဟုတ်ပါဘူး။“ဒီနိုင်ငံမှာ အဆိုတစ်ခုရှိ တယ်။ ယောက်ျားတွေက
ရွှေနဲ့တူပြီးတော့ မိန်းမတွေ က အ၀တ်စနဲ့ တူတယ်တဲ့။ ဒါပေမဲ့ ရွှေကို
ဗွက်ထဲချလိုက်ပြီး ပြန်ဆေးလိုက်ရင် နဂိုအတိုင်း သန့်နေသေးပေမယ့် အ၀တ်စကို
ချလိုက်ရင်တော့ အညစ်အကြေးတွေ ကျန်ခဲ့မှာပဲလေ” လို့ ကမ္ဘောဒီးယား လူငယ်တွေရဲ့
လိင်မှုအလေ့အထတွေ လေ့လာ နေတဲ့ သုတေသီ တန်ဆိုပရာက ဆိုပါတယ်။
အပျိုရည်ဟာ
ဒီလိုဆိုရင် သိပ်တန်ဖိုးမရှိဘူး ထင်ရပေမယ့် နောက်တစ်နည်းအရ
တော်တော်တန်ဖိုးကြီးတဲ့အရာ ဖြစ်နေပြန်ပါတယ်။ လိင်မုဆိုးတွေက အပျိုစင်တစ်
ယောက်နဲ့ တစ်ပတ်အတူနေဖို့အတွက် ဒေါ်လာ ၈၀၀ ကနေ ၄,၀၀၀ ကြား ပေးဝယ်ကြတယ်။
ဒါပေမဲ့ မိန်းကလေးရဲ့ အချိုးအစား၊ အလှအပနဲ့ သူတို့ သုံးနိုင်တဲ့
ငွေပမာဏအပေါ်လည်း မူတည်ပါသေးတယ်။ ကမ္ဘောဒီးယား အမျိုးသမီး ဥပဒေအရ
အမျိုးသမီးတွေဟာ သူတို့မိဘတွေရဲ့ ပြောဆိုချက်တွေကို လိုက်နာရ ပြီးတော့
မိဘတွေကို ကူညီရမယ်လို့ ညွှန်းဆိုပါတယ်။
“မိသားစုတစ်ခုမှာ
မိန်းမပျိုလေးရှိနေခြင်းဟာ မိဘ တွေက အမြတ်ပဲလို့ ထင်ကြတယ်။ ပြီးတော့
ယောက်ျားတွေကလည်း မိန်းမတွေဟာ သူတို့အတွက် ရှိနေ ကြတယ်လို့ ထင်နေတယ်။
စက်ဆုပ်စရာ ကောင်းလောက်အောင် မှားယွင်းနေကြတယ်။ ဒါဟာ အမြန်ဆုံး
ဖြေရှင်းရမယ့် ကိစ္စပါ။ ဒါပေမဲ့ အဓိကကတော့ မိန်းမပျို လေးတွေကို ၀ယ်ယူနေတဲ့
အဲဒီလူကြီးလူကောင်း ဆိုတာတွေပဲ။ သူတို့တွေကမှ ရာဇ၀တ်ကောင်တွေ”လို့
ကမ္ဘောဒီးယား ကလေးသူငယ် အခွင့်အရေးကာကွယ်မှု ဌာနရဲ့ဒါရိုက်တာ သက်သိုင်က
ဆိုပါတယ်။
နိုင်ငံရေးသမားတွေလို သြဇာရှိတဲ့ လူကြီးလူကောင်း တွေဟာ
ဥပဒေက သူတို့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာ နောကျေနေအောင်သိကြတယ်လို့
နာမည်မဖော် လိုတဲ့ လုပ်သက်ရင့် ရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။
“ဒီလူတွေကို
ဥပဒေနဲ့ အရေးယူဖို့ ကြိုးစားလိုက် တာနဲ့ ခင်ဗျားပြဿနာ အကြီးကြီး
တက်သွားလိမ့်မယ်။ ကျွန်တော်တောင် ဒီကိစ္စတစ်ခုကြောင့် ခြိမ်းခြောက်
ခံရဖူးတယ်။ ဒီလိုကိစ်္စတွေမှာပါဖူးတဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေလည်း
ခြိမ်းခြောက်ခံရတာပဲ။
သူ ခြိမ်းခြောက်ခံရတုန်းက “လိင်ဆက်ဆံတယ်ဆိုတာ
လူ့သဘာဝပဲကွ၊ မင်းတို့ဘာမှ ရေးကြီးခွင်ကျယ်လုပ် စရာ မလိုဘူး”စတဲ့ စကားတွေ
ပြောဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။
လုပ်ငန်းကြီးတွေလုပ်တဲ့ စီးပွားရေး
သမားတွေ၊ အာဏာရှိသူတွေဟာ အချင်း ချင်းအဆက်အသွယ်ရှိကြပါတယ်။ ဒါကြောင့်
အပျိုစင်တွေ ဘယ်လိုဝယ်ရတယ်။ ဘယ်မှာရှိတယ်ဆိုတာ သူတော်ချင်းချင်း
သတင်းလွေ့ကြပါတယ်။
လိင်ရောင်းဝယ် မှုပြုခြင်းဟာ ကမ္ဘော ဒီးယားမှာ တရားမ၀င်တဲ့ကိစ္စဖြစ်ပေမယ့် ဒီနေ့ထိ ကမ္ဘောဒီယားတစ်ယောက်
တစ်လေတောင်မှ တရားစွဲတာ မခံရသေးပါဘူး။
(ဆောင်းပါးထဲမှာပါဝင်တဲ့ အမျိုးသမီး တချို့ရဲ့နာမည်တွေကို သူတို့ရဲ့လုံခြုံရေးအတွက် ဆောင်းပါးရှင်က ပြောင်းလဲထားပါတယ်)
Credit To
ဖိုးသူတော် (www.phothutaw.com)
No comments:
Post a Comment