home

Tuesday, July 22, 2014

အာဟာရ ထမင်းကျွေးရာမှ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား



ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့အရှေ့ဘက် စစ်တောင်းမြစ် တစ်ဖက်ကမ်းရှိ ဇေယျသိမ် ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ဇူလိုင် ၂၁ရက် နံနက်ပိုင်းက ဆရာမ၊ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါဇေယျသိမ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ) တွင် ကျောင်းသားကျောင်းသူ ၂၂၈ ဦး ပညာသင်ကြားလျက်ရှိပြီး ဇူလိုင် ၂၀ ရက်က စေတနာအလှူရှင်က ကြက်သားဟင်းဖြင့် အာဟာရ ထမင်းကျွေးခဲ့သည်။ ထိုနေ့ညနေပိုင်းကတည်းက ဗိုက်နာသူအချို့ရှိခဲ့ပြီး ဇူလိုင် ၂၁ ရက် ကျောင်းတက် လာကြရာတွင် ဝမ်းပျက်ဝမ်းလျှောမှုများ ဖြစ်ပွားလာသည့် အတွက် ကျောင်းအုပ်ဆရာမဒေါ်သဲသဲအေးက သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနများသို့အချိန်မီသတင်းပို့ခဲ့သည်။

အဆိုပါသတင်းရရခြင်း ရေတာရှည်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသက်စုမော်ဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့လှတိုက်နယ်ဆေးရုံမှ ဒေါက်တာပန်းအိအိသန့်နှင့် ဝန်ထမ်းများ၊ ရေနီကျေး လက်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက အချိန်မီသွားရောက်၍ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။

မနေ့က အာဟာရအလှူရှင်က ကြက်သားဟင်းနဲ့ ထမင်းကျွေးတာညကျတော့ ဗိုက်နာတဲ့သူတွေ ရှိတယ်လို့ သိရတယ်။ မနက်ကျတော့ ၁၀ နာရီလောက်မှာ ကျောင်းသားတွေရော ကျောင်းသူတွေပါ ဗိုက်တွေနာပြီး ဝမ်းသွားနေလို့ ကျန်းမာရေးဌာနကိုသတင်းပို့လိုက်တာဟု ကျောင်းအုပ် ဆရာမဒေါ်သဲသဲအေးက ရှင်းပြသည်။ အစာ အဆိပ်သင့်မှုတွင် (စိုးရိမ်စရာမရှိ) ဆရာမလေးဦး၊ ကျောင်းသား ၃၈ ဦး၊ ကျောင်းသူ ၅၈ ဦး၊ ရွာသူရွာသား ၁၃ဦးတို့ ဖြစ်ပွားခဲ့ပြီး ညပိုင်း ၁၀နာရီအထိ စောင့်ကြည့်နေရ ဆဲဖြစ်ပြီးပဲခူးတိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိ သူများလည်း ရောက်ရှိလာကာ လိုအပ်သည့်အ ကူအညီ များကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

Credit To ThitHtooLwin

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...