home

Monday, July 21, 2014

နစ်နာသူဘက်က ပါတဲ့သူ တရားစွဲခံရ

ဧရာရွှေဝါကုမ္ပဏီက သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေ ပြန်ရဖို့ ဦးဆောင်လုပ်နေတဲ့ ဦးခင်မြင့်ကို ခြေချုပ်ပုဒ်မ ၅၁(စ/ဆ)နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ ဧရာရွှေဝါ ကုမ္ပဏီက သိမ်းခဲ့တဲ့ လယ်မြေတွေကို ပြန်ရဖို့ နစ်နာသူတောင်သူတွေက ဦးခင်မြင့်ကို အကူအညီ တောင်းခဲ့တဲ့အတွက် ဦးခင်မြင့်ဟာ ဥပဒေဘောင်အတွင်းကနေ ရပ်ကျေးနဲ့ မြို့နယ် လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့တွေဆီ တင်ပြခဲ့ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက တောင်သူတွေ ဆူပူအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး ကန်ကြီးထောင့် မြို့နယ် ရဲတပ်ဖွဲ့စခန်းကိုတိုင်ပြီး အမှုဖွင့်တာကြောင့် ဦးခင်မြင့်ဟာ ခုလိုတရားစွဲဆိုခံရပြီး ချုပ်နှောင်ခံထားရတာ ဖြစ်ပါတယ်။
တင်ပြလာတဲ့ အချက်အလက်တွေကို သေချာစိစစ်ဖို့ အစည်းအဝေး နှစ်ကြိမ်လုပ်ခဲ့ပြီး အထောက်အထား ခိုင်လုံလို့သာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်စိန်က ဆိုပါတယ်။

ပုသိမ်မြို့မှ အလွတ်တန်းရှေ့နေ ဦးကျော်ဇင်က "ခြေချုပ်ပုဒ်မ ၅၁ (စ၊ ဆ) ဆိုတာရပ်ရွာထဲမှာ ပြစ်မှုတစုံတရာကို ကျူးလွန်လေ့ရှိသူ၊ မူးရစ်သောက်စားရမ်းကားသူတွေ၊ ရပ်ထဲရွာထဲမှာ ဘယ်လိုမှထိမ်းသိမ်းလို့ မရတဲ့သူတွေ၊ ရပ်ရွာတရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အမြဲထိခိုက်ပျက်စီးစေသူကိုသာ တရားစွဲဆိုရတာ ဖြစ်တယ်” လို့ ရှင်းပြပါတယ်။
ဦးခင်မြင့်က "ကျွန်တော်ကိုဝန်ခံမယ်ဆိုရင် ခံဝန်ချုပ်နဲ့လွတ်ပေးမယ်၊ လွတ်ရင် ရှုပ်ရှုပ်ရှက်ရှက်မလုပ်နဲ့ အပြစ်ဖြစ်လာရင် ခြေချုပ်နဲ့ဖေါက်ဖျက်နဲ့ ထောင်ချမယ်ပြောတယ်၊ ကျွန်တော်ဘာပြစ်မှူမှ မကျူးလွန်လို့ ဝန်မခံနိုင်ဘူး၊ အာမခံလည်းမပေးဘူး၊ တရားရုံးကျတော့ မစစ်ဆေးသေးဘူး၊ ရီမန်ယူပြီး အချုပ်ချထားတာ နှစ်ပတ်ရှိပြီ၊ တကယ်တော့ ကျွန်တော်တို့တွေ ရပ်ကျေး (လယ်/စီ) မှာလယ်မြေ အဆုံးအဖြတ် ရှုံးတာကြောင့် မြို့နယ်အဆင့်ကို လယ်ယာမြေဥပဒေအရ အယူခံဝင်တာကို ရမယ်ဖွဲ့ပြီး ဖမ်းတာ" လို့ ဆိုပါတယ်။
ဦးခင်မြင့်ကို ဇူလိုင်လ ၉ ရက်နေ့က စဖမ်းခဲ့ပြီး ကန်ကြီးထောင့် မြို့မရဲတပ်ဖွဲ့စခန်းမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။ ကန်ကြီးထောင်မြို့နယ် တရားရုံးမှာ ရီမန်ယူရုံးတင်စစ်ဆေးရာ ဇူလိုင် ၂၂ ရက်နေ့မှာလည်း ဒုတိယတစ်ကြိမ် တရားရုံးထုတ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Credit To TheVoice

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...