home

Thursday, July 17, 2014

သီချင်းအသစ်တွေခံစားရမယ့် SIR ဖျော်ဖြေပွဲ

SIR အဖွဲ့ဝင်များ၏ သြဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် သီချင်းအသစ်များ နှင့် ဖျော်ဖြေပေးမည်ဟု ယင်း အဖွဲ့၏မန်နေဂျာ ဒီမိုသော်က ပြောသည်။
‘‘ဒီတစ်ခေါက်ဖျော်ဖြေပွဲက သီချင်းအသစ်တွေများမှာပါ။ အောင်လရော၊ ဖော်ကာရော၊ ကိုကျားရော အခွေသစ်တွေထွက်ထားတာဆိုတော့ ပရိသတ်တွေ သီချင်းအသစ်တွေ နားထောင်ရမှာပါ’’ဟု ၎င်းကပြောသည်။

ယင်းဖျော်ဖြေပွဲသည် SIR အဖွဲ့အနေဖြင့် ၂၀၁၄ ခုနှစ်၌ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်လုပ်မည့် ဖျော်ဖြေပွဲဖြစ်ပြီး သြဂုတ် ၂ ရက်တွင် ကန်တော်ကြီး(မျှော်စင်ကျွန်း)၌ ပြုလုပ်မည်ဖြစ်သည်။

‘‘မိုးတွင်းဖျော်ဖြေပွဲဆိုတော့ စင်ရှေ့မှာ အမိုးလုပ်ပေးထားမယ်။ လက်မှတ်တွေကိုတော့ တစ်ပတ်အလိုလောက်မှ စရောင်းမယ်’’ဟု ဒီမိုသော်ကပြောသည်။
SIR အဖွဲ့သားများဖြစ်သည့် Big Bag, Wanted, Reason, Idiots အဖွဲ့များသာ ပါဝင်မည်ဖြစ်ပြီး ကြိုတင်လက်မှတ်ဈေးနှုန်းကို ခြောက်ထောင်ကျပ်  သတ်မှတ်ထားသည်ဟုဆိုသည်။

ယင်းဖျော်ဖြေပွဲအပြင် မန္တလေးမြို့တွင်လည်း SIR အဖွဲ့၏ ဖျော်ဖြေပွဲပြုလုပ်ရန်အစီအစဉ်ရှိပြီး ပွဲကျင်းပခွင့်ရရှိပါက သြဂုတ် နောက်ဆုံးပတ်တွင် ပြုလုပ်ရန်ရှိကြောင်း သိရသည်။

Credit To  ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...