home

Sunday, August 10, 2014

မြန်မာကြုံနေရတဲ့ စိန်ခေါ်မှုတွေ ဝန်ကြီး Kerry ဆွေးနွေးနိုင်ခဲ့


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်စကားပြောကြားစဉ်။ (သြဂုတ် ၁၀၊ ၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်စကားပြောကြားစဉ်။ (သြဂုတ် ၁၀၊ ၁၄)
မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေပြီး အချိန်ယူဖြေရှင်းရမယ့် စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန်နိုင်ငံခြားရေ၀န်ကြီး John Kerry ကပြောလိုက်ပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေတာတွေကို မြန်မာအစိုးရက လိုက်လုပ်ပေးဖို့မဟုတ်ဘဲ မြန်မာပြည်သူတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

နွားထိုးကြီးမြို့နယ် ရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် သဲချက်ကျေးရွာက ရွာသား ၆၀လောက်ဟာ ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးကောက်ခံထားတဲ့ ငွေကြေးစာရင်းနဲ့ ကုန်ကျစရိတ် စာရင်းကို ရှင်းပြပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူ သဲချက်ကျေးရွာသား ကိုမိုးခိုင်က အခုလိုပြောပါတယ်။
"ရည်ရွယ်ချက်ကတော့ သဲချက်ကျေးရွာအုပ်စုရဲု့ ဖိနှိပ်ခံ ကျေးရွာသားများရဲ့ ဖိနှိပ်ခံရတဲ့အတွက်ပေါ့၊ ကျနော်တို့ လူထုရဲ့ဆန္ဒကို ထုတ်ဖော်တယ်ဆိုပြီးတော့  ရည်ရွယ်ပြီးတော့ အဲ့လိုပြောပြီးတော့ အဲ့လိုပြေတယ်ပေါ့၊ တစ်ဦးကို လေးသိန်းနှစ်သောင်းနဲ့ ကောက်လိုက်တာပေါ့ဗျာ၊ သိန်းတစ်ထောင့်လေးရာကျော် တစ်ထောင့်ငါးရာလောက်ရတယ်ပေါ့ဗျာ၊ အဲ့ဒီစာရင်းဇယာတွေကို ကျနော်တို့က ရှင်းခိုင်းတော့ လူထုက ရှင်းခိုင်းတော့ ပထမစာရင်းများထွက်လာတာပေါ့ဗျာ၊ စာရင်းများ မကျေနပ်တော့ ကျနော်တို့ ထပ်တိုင်တာပေါ့ဗျာ၊ မြို့နယ်ကနေပြီးတော့ ထပ်ရှင်းခိုင်းတော့ မြို့နယ်ရောက်ပြန်ရောက်တော့ မြို့နယ်လည်း သေချာရှင်းမပေးဘူးဗျ၊ မြို့နယ်ကလည်း တာဝန်ယူပြီးတော့ သေချာရှင်းပေးဘူး၊ ဟိုလူတွေနဲ့လည်း မရှင်းမပေးဘူးဆိုတော့ ကျနော်တို့က မခံမရပ်နိုင်ဆိုပြီးတော့ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် တာဝန်ရှိတဲ့ လူကရှင်းပေးဖို့ ဆန္ဒပြတာပါ"

တောင်သူလယ်သမားများ ပိုးမွှား အန္တရာယ်မှ ကာကွယ်နိုင်မည့် ဆောဖ့်ဝဲလ်သစ် တစ်ခု မြန်မာပညာရှင်တီထွင်


လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သော မြန်မာနိုင်ငံတွင် တောင်သူ ဦးကြီးများအား အန္တရာယ်ပေးနေသော ပိုးမွှားများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် အထောက်အကူဖြစ်စေမည့် မိုဘိုင်း APK တစ်ခုကို တီထွင်လိုက်ပြီ ဖြစ်ကြောင်း Code for Change Myanmar ၏ ဆောဖ့်ဝဲလ် ရေးဆွဲ ပြိုင်ပွဲတွင် ပထမဆုရ ကိုအာကာမင်းအောင် က ပြောသည်။ ယင်းဆောဖ့်ဝဲလ်ကို မတ်လ အတွင်းက ကျင်းပသော Code for Change Myanmar ၏ဆောဖ့်ဝဲလ် ရေးဆွဲပြိုင်ပွဲတွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

၆၇ နှစ်မြောက် မွန် တော်လှန်ရေးနေ့ ကျင်းပ


မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် အခမ်းအနား ။ ဓါတ်ပုံ - (Facebook)

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၆၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချူပ်ရှိရာ ရေချောင်းဖျား အပါအဝင် နေရာ ၅ နေရာမှာ မနေ့က ကျင်းပခဲ့ကြ ပါတယ်။

ဘုရားသုံးဆူမြို့နယ် ဗလယ်ဒွန်းဖိုက်ကျေးရွာမှာကျင်းပခဲ့တဲ့ အခမ်းအနားကို မနေ့မနက်ပိုင်းက စစ်ရေးပြ အခမ်းအနားနဲ့အတူ ကျင်းပခဲ့ပါတယ်။

ရေဘေးကြုံနေသည့် ဒေသလေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်


ရေဘေးကြုံတွေ့နေရ သည့် ပဲခူးတိုင်းဒေသကြီး အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် နေရာကွက်၍မိုးကြီး နိုင်ပြီး သံလွင်မြစ်ရေသည်လည်း သြဂုတ်လ ၁၀ရက်မှ စတင်ကာ စိုး ရိမ်ရေမှတ်အထက်သို့ရောက်ရှိ နေကြောင်း မိုး/ဇလဌာနကသ တင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်မြို့နယ်အချို့တွင် ရေဘေးအန္တ ရာယ်အဆိုးရွားဆုံးရင်ဆိုင်နေရ ကာ အဆိုပါဒေသနှစ်ခုတွင်လူဦး ရေသုံးသောင်းနီးပါးကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံနေရပြီး လူသေဆုံးမှုအချို့လည်း ရှိနေ သည်။ လယ်ဧကများစွာ ရေနစ် မြုပ်နေပြီးအစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများက ကယ်ဆယ် ရေးလုပ်ငန်းများလုပ်ဆောင်နေရ သည်။

ကျန်းမာရေးဝန်ကြီးဌာန အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်


 အီဘိုလာဗိုင်းရပ်စပ် ရောဂါသည် ကူးစက်မြန် ရောဂါ တစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့် အပြင် ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ရန် အလွန်ခက်ခဲသော ရောဂါ ဖြစ်သည်။

 ယခုအခါ အာဖရိက အနောက်ပိုင်းဒေသရှိ Guinea, Liberia, Nigeria& Sierra Leone နိုင်ငံတို့တွင် ရောဂါကူးစက် ဖြစ်ပွားနေပြီး ၂၀၁၄ ခုနှစ် မတ်လမှ ၁-၈-၂၀၁၄ ရက်အထိ အီဘိုလာ ဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးတို့ရှိခဲ့ပါသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သောနည်းများ

You might also like

Related Posts Plugin for WordPress, Blogger...