home

Sunday, August 10, 2014

တောင်သူလယ်သမားများ ပိုးမွှား အန္တရာယ်မှ ကာကွယ်နိုင်မည့် ဆောဖ့်ဝဲလ်သစ် တစ်ခု မြန်မာပညာရှင်တီထွင်


လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သော မြန်မာနိုင်ငံတွင် တောင်သူ ဦးကြီးများအား အန္တရာယ်ပေးနေသော ပိုးမွှားများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် အထောက်အကူဖြစ်စေမည့် မိုဘိုင်း APK တစ်ခုကို တီထွင်လိုက်ပြီ ဖြစ်ကြောင်း Code for Change Myanmar ၏ ဆောဖ့်ဝဲလ် ရေးဆွဲ ပြိုင်ပွဲတွင် ပထမဆုရ ကိုအာကာမင်းအောင် က ပြောသည်။ ယင်းဆောဖ့်ဝဲလ်ကို မတ်လ အတွင်းက ကျင်းပသော Code for Change Myanmar ၏ဆောဖ့်ဝဲလ် ရေးဆွဲပြိုင်ပွဲတွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ယင်း APK ကို တောင်သူများ လက်ထဲရောက်ရှိနိုင်ရန် အချိန်တစ်ခုထိ လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဆောဖ့်ဝဲလ် ရေးဆွဲသည့် အဖွဲ့ဝင်များနှင့် ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တောင်သူလယ်သမားတွေ နားလည် လွယ်အောင် ပိုးမွှား ပုံတွေနဲ့ ပြထားပြီး အဲဒီ ပုံလေးကို နှိပ်လိုက်ရင် အဲဒီပိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အချက်အလက်တွေ ရနိုင်မယ်။

 ခုချိန်မှာ အဓိကစိန်ခေါ်မှုကတော့ လယ်သမားတွေ လက်ထဲမှာ မိုဘိုင်းဖုန်းရောက်ရှိနိုင်ဖို့နဲ့ အင်တာနက်လိုင်း ကောင်းကောင်းရနိုင်ဖို့ပဲ ကျန်တယ်။ ဒီဆောဖ့်ဝဲလ်ကိုလည်း ကျွန်တော်တို့ မဖြန့်ဖြူးနိုင်သေးဘူး ဟု ကိုအာကာမင်းအောင် က ပြောသည်။ လယ်သမားများအနေဖြင့် ၎င်းတို့ လယ်ကွင်းတွင် ကျလာသော ပိုးများကို ဓာတ်ပုံရိုက်ယူပြီး အချင်းချင်း ဗဟု သုတအဖြစ် သတင်းမျှဝေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဒီဆောဖ့်ဝဲလ်က လယ်သမားတွေအတွက် အသိပညာ ဗဟုသုတတွေ တိုးပွားစေနိုင်မယ်၊ ပြီးတော့ ပိုးမွှား တွေကို ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို နှိမ်နင်းရမယ် ဆိုတာ စနစ်တကျ ပိုမို နားလည်မယ်လို့ ယုံကြည်ပါတယ်။ သူတို့က အဲဒီပိုးမွှားတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိပြီထား လိုက်ဦး အဲဒီ ပိုးမွှားတွေကို နှိမ်နင်းဖို့ ဆေးဝယ်ယူဖို့ ခေါင်းစားနေကြတယ် ဟု တောင်သူ လယ်သမားသမဂ္ဂ အဖွဲ့ တာဝန်ခံ ဒေါ်စုစုနွေးက The Messenger Media သို့ ပြောသည်

Credit To Phothutaw

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...