home

Friday, July 18, 2014

ကဗျာဆရာနှင့် နိုင်ငံရေးသမားများ ဇူလိုင် ၁၉ (အာဇာနည်) နေ့တွင် ကဗျာများ ရွတ်ဆိုကြမည်

18jl13



ကဗျာဆရာ၊ နိုင်ငံရေးသမား တချို့သည် ဇူလိုင် ၁၉ (အာဇာနည်) နေ့၌ ဘိုကလေးဈေး အနီးရှိ ဝန်ကြီးများ ရုံးဟောင်းရှေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ကဗျာများကို ရွတ်ဆို ပြီး ကျဆုံးခဲ့သည့် အာဇာနည် ပုဂ္ဂိုလ်များကို ဂုဏ်ပြု ရွတ်ဆိုကြမည်ဟု ကဗျာချစ်သူများအသင်း ဥက္ကဌ ဆရာဆောင်းခ က မဇ္ဈိမ ကို ပြောသည်။
ဇူလိုင် ၁၉ရက် အာဇာနည် နေ့တွင် ကဗျာဆရာ ၊ နိုင်ငံရေး သမား အချို့ ပါဝင်မည့် လူအယောက် ၃ဝကျော်သည် ဝန်ကြီးများ ရုံးဟောင်းရှေ့တွင် အာဇာနည်နေ့ အမှတ်တရ ကဗျာများကို တစ်ယောက် တစ်ပုဒ်စီ ရွတ်ဆို ကြမည် ဖြစ်သည်။


" မနှစ်က စလုပ် ဖြစ်တယ်။ ဒီနှစ်မှာလဲ ကဗျာဆရာရော နိုင်ငံရေး ဘက်က လူငယ်တွေလည်း ပါမယ် စုစုပေါင်း ၃ဝကျော်က  ကဗျာတွေ ရွတ်မယ်။ ပြီးရင် အဲဒီ အချိန်မှာ လာကြည့်တဲ့ သူတွေကို အလေးပြု ဖို့ အတွက် နှင်းဆီပန်း တစ်ပွင့်စီ ဝေဖို့ စီစဉ် ထားပါတယ်" ဟု ဆရာဆောင်းခ က ပြောသည်။
"၁ဝနာရီ၃၇မိနစ်/ ခေါင်းအညွန့်မှာ အဖတို့သွေးများ ခန္ဒာကိုယ်အနှံ့ စီးပါစေသား"ကဗျာခေါင်းစဉ်ဖြင့် "အာဇာနည်စိတ်ဆိုတာ လူမျိုးရေး မုန်းတီးမှုတွေ မပါဘူး ။  ဘာသာရေး အစွန်းရောက်မှုတွေ မပါဘူး။ အမျိုးသားရေး ခုတုံး လုပ်မှုတွေ မပါဘူး။ ကလိမ်စေ့ညမ်းဆင်တွေ မပါဘူး။ အာဏာတည်မြဲရေး တစ်ခု အတွက် နဲ့ ပြည်သူ့ရင်ဘတ်ကို ဆွဲထုတ်တာတွေ မပါဘူး။"ဟူသည့် အာဇာနည်နေ့နှင့် ပက်သက်သည့် ကဗျာစာသားများ ပါဝင်သည့် ကဗျာများကို ရွတ်ဆိုကြမည်ဖြစ်သည်။
ယင်းကဗျာများ ရွတ်ဆိုကြမည့် အယောက် ၃ဝ သည် ဇူလိုင်၁၉ရက် အာဇာနည်နေ့တွင် နံနက် ၉နာရီ ၄၅မိနစ်၌ အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာများကို နာရီဝက် အတွင်း ရွတ်ဆို ကြမည် ဖြစ်သည်။ လာရောက် ကြည့်ရှု သူများကိုလည်း ဂါဝရ ပြုရန်  နှင်းဆီပန်းများ ပေးဝေမည် ဖြစ်ပြီး အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ရေးသားထားသည့် ကဗျာများကို လက်ကမ်း စာစောင်များ အဖြစ် ပေးဝေမည် ဖြစ်သည်။
ယင်းအပြင် ကဗျာများ ရွတ်ဆို ပြီးပါက အာဇာနည် ခေါင်းဆောင်ကြီး များကို အလေးပြုကြမည် ဖြစ်သည်။ ကဗျာများ ရွတ်ဆိုကြမည့် အယောက် ၃ဝသည် အာဇာနည် ခေါင်းဆောင်များကို အလေးပြုပြီး ပါက အာဇာနည်ကုန်း သို့ ဆက်လက် ထွက်ခွာကြမည် ဖြစ်သည်။
 " အလေးပြုခွင့် ခွင့်ပြုချက် မပေးတာဟာ မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပါ။ လွတ်လပ်းရေးရအောင် ကြိုးစားခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို ထောက်ထား သင့်တယ်။ ပြီးတော့ အဲဒီအချိန်လေး အတွင်းမှာ ဟွန်းမတီးရဘူး ဆိုတာ တစ်ဖက် အစိုးရက သဘောထားကြီးဖို့ လိုတယ်။ ဟွန်းမတီးရ ဆိုတာကို ကျွန်တော် ကတော့ လက်မခံပါဘူး" ဟု ကဗျာဆရာများ သမဂ္ဂ ဥက္ကဌ ဆရာ သစ္စာနီက ပြောပြသည်။
"သမဂ္ဂ အနေနဲ့ထွေထွေထူးထူး မရှိဘူး။ တစ်ဦးချင်းအနေနဲ့ တာမွေ အန်အယ်လ်ဒီ ရုံးမှာ အာဇာနည်နေ့နဲ့ ပက်သက်ပြီး ဟောပြောပွဲရှိတယ်။ အာဇာနည်နေ့နဲ့ ပက်သက်ပြီး အမှတ်တရကိုပြောရရင် ဆရာကိုယ်တိုင် ဗိုလ်ချုပ်ကျ ဆုံး ပြီးနောက်နေ့ ဂျူဗလီဟောမှာ အလေးပြုခဲ့ရတယ်။ ပြည်သူတွေရဲ့ မျက်ရည်ကို အခုချိန်ထိ မြင်နေ မှတ်မိနေတုန်းပဲ။ အာဇာနည်နေ့ အခမ်းအနားနဲ့ ပက်သက်ပြီးပြောရရင် နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးဂိုဏ်းကဏ္ဍ တွေကို မှေးမှိန်အောင် လုပ်လာကြတယ်။ ဟွန်းတီးရင် ကားလမ်း ပိတ်မယ်လို့ပြောတာက အကြောင်းပြချက် တစ်ခုလို့ မြင်တယ်. အမြဲတမ်းနှစ်တိုင်း ဟွန်းတီးပြီး ဂုဏ်ပြုလာတာ ကြာနေပါပြီး။ အဲဒီအတွက် အကျိုးယုတ်စရာမရှိပါဘူး။"ဟု စာရေးရာများသမဂ မှ ဥက္ကဌ ဦးထက်မြက် ကပြောသည်။
 မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ(ပြင်ဦးလွင်)က ဦးဆောင်၍ ၆၇ နှစ်မြောက် အာဇာနည်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဗိုလ်ချုပ်ကျောက်တိုင်သို့ အင်အား ၅ဝဝ ဖြင့် ချီတက် အလေးပြုခွင့်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ကျင်းပ ခွင့်မပြုကြောင်း ဦးဆောင်သူ လေးဦးကို ဆင့်ခေါ်၍ အသိပေးခဲ့ သည် ဟုမြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ မစုစုနွေး က မဇ္ဈိမကိုပြောခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၁၉ (အာဇာနည်) နေ့တွင် ကဗျာရွတ်ဆို ဖို့ အတွက် ခွင့်ပြုချက် ယူထားခြင်းမျိုး မရှိသလို နိုင်ငံရေး လှုံဆော်မှု မဟုတ်သည့် အတွက် သက်ဆိုင်ရာသို့ ခွင့်ပြု ချက်တင်စရာ မလိုဟု ကဗျာချစ်သူများအသင်း ဥက္ကဌ ဆရာဆောင်းခ က ထပ်မံပြောဆိုသည်။
၁၉၈၈ခုနှစ် မတိုင်ခင်က အာဇာနည်နေ့တွင် ရေဒီယိုမှ ဥသြဆွဲခြင်းများ ၊ ရထားများ ၊ ကားများ ၊ သဘောင်္များမှ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် အချိန်တွင် ဥသြဆွဲခြင်းများ ပြုလုပ် ခဲ့ကြပြီး ၁၈၈၉ခုနှစ် နောက်ပိုင်းတွင် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများ မရှိခဲ့ခြင်းသည် ယနေ့အချိန်ထိ ဖြစ်သည်။

Credit To Mizzimaburmese.com

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...