home

Saturday, July 19, 2014

ကျောင်းထိုင် ဆရာတော် မောင်းသော ကားမှောက်၊ ဆရာတော်ပျံလွန်တော်မူ



ချောက်မြို့ တိပိဋကာလင်္ကာရ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒသဇ္ဇန သက်တော် (၅၀)၊ ၀ါတော် (၃၀) သည် ဇူလိုင်လ (၁၈) ရက်နေ့ နံနက် (၆း၄၅) မိနစ် အချိန်က ကျောက်ပန်းတောင်းမှ မိတီ်္ထလာမြို့ သို့ ၂ခ/၁၈၄၅ နီညိုရောင် SURF ကားအား မောင်းနှင်လာစဉ် ကျောက်ပန်း တောင်း ကားလမ်း၊ မိုင်တိုင်အမှတ်- ၁၈/၁ အနီး သဖန်း ကျောင်းကုန်းထိပ်အရောက်တွင် ကားကို ညာဘက်သို့ ချိုးကွေ့စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်သို့ တိမ်းမှောက်သွားခဲ့သည်။ ကားတိမ်းမှောက်ခဲ့သဖြင့် ဆရာတော်ဘဒ္ဒ်္တသဇ္ဇ ဦးခေါင်းတွင် ဒဏ်ရာရရှိပြီး နေရာတွင်ပင် ပျံလွန်တော်မူသွား သည်။ ကားပေါ် ပါချောက်မြို့၊ ကရင်ရွာနေ ဦးခင်မောင်မြင့် မှာ လည်း ဦးခေါင်းဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ သည်။ ယာဉ်မှောက်မှုကို ရှမ်းမငယ်ရဲစခန်း ယာဉ် (ပ) ၁၃/၂၀၁၄၊ ပုဒ်မ-၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထားသည်။

Credit To   ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...