home

Thursday, July 31, 2014

ဘာမှမလိုပါဘူးကွယ်....












နေပြည်တော်တွင်ကျင်းပသော စီးပွားရေးဖိုရမ်တခုတွင်
အမေရိကန်၊နိုင်ဂျီးရီးယား၊တရုတ်နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ
စကားစမြည်ပြောဆိုရာမှ အကြီးအကျယ်ငြင်းခုံလာကြသည်။နောက်ဆုံးတွင်
သည်းမခံနိုင်တော့သော တရုတ်လူမျိုးစီးပွားရေးရှင်က ဗြန်းခနဲခုံကို
ရိုက်လိုက်ပြီး

“ကြိုက်သလိုငြင်း.ကျုပ်တို့တိုင်းပြည်က အတိုးတက်ဆုံးနဲ့
ပွင့်လင်းမြင်သာမှုအရှိဆုံးပဲ။ဥပမာ ခင်ဗျားဒီနေ့
ရွေးကောက်ပွဲကိုမဲပေးလိုက်.နက်ဖြန်ဆို ဘယ်သူနိုင်လဲ တန်းသိရတယ်”

အမေရိကန် မခိုးမခန့်ပြုံးသည်။ “ဟဟ.ဒီလောက်ကတော့
စာမဖွဲ့ဘူးလေ.ကျုပ်တို့ဆီမှာဆိုရင် ဒီနေ့မဲပေး..ဒီနေ့ပဲ
အဖြေသိရပြီ..ပျင်းတယ်ကွဲ့.တရုတ်လေးရယ်.ပျင်းတယ်.သိလား..”

“ခင်ဗျားတို့နဲ့ ငြင်းမိတာ ကျွန်တော်
မှားသွားပြီထင်တယ်ဗျာ.”နိုင်ဂျီးရီးယားစီးပွားရေးလုပ်ငန်းရှင်
ဆရာကြီးဂိုက်ဖြင့် ဝင်ပြောသည်။

“.သေချာနားထောင်နော်..ကျုပ်တို့ဆီမှာဆို ရွေးကောက်ပွဲမလုပ်ခင်ကတည်းက
ဘယ်သူနိုင်မယ်ဆိုတာသိပြီးသားဗျ..”
မြန်မာစီးပွားရေးလုပ်ငန်းရှင် တခွန်းမှဝင်မပြော..အားရပါးရ
ရီသည်။အူလှိုက်သဲလှိုက်ရီသည်။ဗိုက်ကိုနှိပ်၍ နှိပ်၍
မပြီးနိုင်မစီးနိုင်ရီသည်။မျက်ရည်များထွက်အောင် ရီသည်။သူ့ကိုကြည့်ပြီး
ကျန်သည့်လူများ နဝေတိမ်တောင်ဖြစ်ကုန်သည်။

“ဒီမယ်.မောင်ရင်တို့ကျုပ်တို့ဆီက
ရွေးကောက်ပွဲကိုလုပ်စရာမလိုဘူး။ဘယ်သူမှလည်း အလုပ်ရှုပ်ခံပြီး
မဲပေးစရာမလိုဘူး။ဘောင်းဘီကနေ ပုဆိုးပြောင်းဝတ်လိုက်တာနဲ့
မဲနိုင်ပြီးသားဖြစ်ရောဗျ..မှတ်ထားနော်.မှတ်ထား.”

Credit To ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...