home

Monday, July 21, 2014

ငြိမ်းချမ်းရေးသို့ဦးတည် ကျွန်တော်တို့ ချီတက်သင့်ပြီ……………………



ကျွန်တော်တို့ရှင်သန်နေထိုင်လာခဲ့တဲ့ အခု ကမ္ဘာကြီးမှာဆိုရင် နေရာတိုင်းလိုလို မငြိမ်း သောအမုန်းမီး အာဃာတ တရားတွေနဲ့ထုံမွှမ်းပြီးတော့ အပျက်ဘက်ကို ဆိုက်ရောက် လာနေပြီဆိုတာ မြင်နေကြားနေရပါတယ်။ ဒါတွေက တစ်ဦးနဲ့ တစ်ဦး အယူအဆ သဘောထားအမြင်ကွဲလွဲတာမှ စလို့ ဘယ်တော့မှ အဆုံးမသတ်နိုင်တော့တဲ့ အပျက် အစီးတွေပါပဲ။

ကျွန်တော်တို့ချင်း သင့်မြတ်ကြရအောင်ပါလား။ ရန်မဖြစ်ကြရအောင်ပါ လား။
အောက်ကပုံလေးကိုကြည့်လိုက်ပါ။ တခနအတွင်းမှာ ဘာကိုဆိုလိုပါလဲဆိုတာ တော်ရုံ ဆိုသိနိုင်ပါတယ်။



 ခွေးသုံးကောင်ရှိတဲ့ အနက်မှာ နှုတ်သီးချွန်ချွန်နှစ်ကောင်က ရာဘာ ကွင်းတစ်ကွင်းကို လုယက်နေကြတာကို ဘေးက အမျိုးအစားမတူတဲ့ ခွေးတစ်ကောင် က ၀င်ပြီးဖျန်ဖြေနေတာပါ။ သာဓကယူဖို့ကောင်းတယ်လို့ ခံစားမိပါတယ်။ လူရယ်လို့ ဖြစ်လာတဲ့ လူသားတိုင်းမှာ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ပျော်ရွှင်ခြင်းစတဲ့ ခံစားမှုမျိုးစုံကို တစ်ဦးနဲ့ တစ်ဦးခံစားမှုခြင်းကွဲကွဲပြားပြားရှိတတ်ကြ ပါတယ်။ ဘာ့ကြောင့် ကျွန်တော်တို့ ရန်ဖြစ်ကြရတာလဲ။ ဘာ့ကြောင့် တစ်ဦးနဲ့ တစ်ဦး သဘောထားအမြင်ချင်းမတူ မသင့် မြတ်ကြရတာပါလဲ။ ဒီမေးခွန်းတွေအတွက်လည်း အတိအကျအဖြေထုတ်ပေးဖို့ဆိုတာ လည်း ဘယ်လိုမှမဖြစ်နိုင်သေးပါဘူး။

အမိဝမ်းထဲက ထွက်လာတာချင်းအတူတူ၊ ပုခုံးနှစ်ဖက်က ခေါင်းပေါက်လာချင်းအတူတူ ဖြစ်တဲ့ ကျွန်တော်တို့တွေက တစ်ဦးနဲ့တစ်ဦး အရာခပ်သိမ်းတော့ မတူညီနိုင်ပါဘူး။ သာဓကအနေနဲ့ပြောရရင် ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ ခြေချောင်းတွေ၊ လက် ချောင်းတွေတောင် တစ်ချောင်းနဲ့ တစ်ချောင်းညီလို့လား။ ဒါ့ကြောင့်ပါ လူတစ်ဦးနဲ့ တစ်ဦးကတော့ ဘယ်လိုမှ ခံစားရတာချင်း အမြင်မတူညီနိုင်ပါဘူး။ တူညီဖို့လည်း လုပ်လို့မရပါဘူး။

ပြဿနာရဲ့ အရင်းခံကတော့ အဲ့ဒီကစတာပါ။ ဟုတ်ကဲ့ ကျွန်တော်တို့ အမြင်မတူကြ ပါဘူး။ တစ်ယောက်ကကြည့်ရင် လက်ဖ၀ါး၊ တစ်ယောက်ကကြည့်ရင် လက်ဖမိုးပေါ့။ ဒါက လောကကြီးမှာ အမှန်အတိုင်းရှိနေတဲ့ သဘာဝရဲ့ နိယာမ သဘောတရားပါပဲ။ဒါ ကို ငြင်းလို့လဲ မရပါဘူး။ ထိုင်ငြင်းနေရင်လည်း အချိန်ကုန်ရုံသက်သက်ဖြစ်သွားမှာပေါ့။ သူမှန်တယ်၊ ငါမှန်တယ်ဆိုပြီး ငြင်းနေတဲ့ ကိစ္စရပ်ကို အကောင်းဆုံးဖြစ်စေမယ့် သူအ မြင်ကိုပဲ ဦးစားပေးတတ်ရပါတယ်။ ဒါကို လက်ခံတတ်တဲ့ သူအတွက်ကတော့ လောက ကြီးမှာ အတော်ဆုံးသူဖြစ်သွားပါပြီ။

ဒါဆို ကျွန်တော်တို့ ကမ္ဘာကြီး ဘာ့ကြောင့်မငြိမ်းချမ်းရတာလဲ။

ကျွန်တော်ပြောသလိုအ မြင်ချင်းမတူတာကစလို့ လူ့သဘာဝအတိုင်း လောဘ၊ဒေါသ၊ မောဟ မာန်မန အမုန်း မီးတောက်တွေကို တာရှည်မွှေးထားပြီးတော့ စိတ်ရင်းပင်ကိုယ်ဗီဇကနေ ဘယ်သူသေ သေ ငတေမာရင်ပြီးရော ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်တွေကြောင့် အင်အားကြီး သူတွေက အင်အားငယ်သူတွေအပေါ် အနိုင်ကျင့်တတ်တဲ့ လောကကြီးမှာ ဘယ်အရာ ကမှ ငြိမ်းချမ်းအောင် မလုပ်နိုင်တော့တာပါပဲ။

တစ်မြေထဲနေ တစ်ရေတည်းသောက်တဲ့ ကျွန်တော့်တို့ လူသားအချင်းချင်း ကမ္ဘာကြီး ငြိမ်းချမ်းရေး ဦးတည်ပြီးသွားနိုင်ဖို့ရာ ဒီလို လူတစ်စုနဲ့တစ်စုအမြင်ချင်းမတူညီတာကို ဘေးချိတ်ကာ ကမ္ဘာကြီးငြိမ်းချမ်းရေးဆီကို ဦးတည်နိုင်ဖို့ ကျွန်တော်တို့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့တစ်ကိုယ်ကောင်းဆန် စိတ်ထားတွေကို ပယ်ဖျောက် နားလည်မှုနဲ့ အတတ်နိုင် ဆုံး အမြင်ချင်း၊ စိတ်သဘောထားချင်းတူညီအောင်လုပ်ဆောင်ကာ ငြိမ်း ချမ်းရေးဆိုတဲ့ အသီးအပွင့်တွေကို ခွဲဝေစားသုံးကြရအောင်ပါလား………………….။

(မှတ်ချက်။    ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ ကြောင်း ကြိုတင်အသိပေးတောင်းပန်အပ်ပါသည်။)

Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...