home

Tuesday, July 29, 2014

သမီးကိုရိုက်ပြီး Facebook ပေါ် တင်ခိုင်းရတယ်ဆိုတဲ့ ဦးလှဆွေရဲ့ Facebook သုံးရခြင်း ရည်ရွယ်ချက်


 လက်ရှိလွှတ်တော်ကိုယ်စားလှယ်များထဲတွင် ပြောဆိုထောက်ပြမှုများ၌ ပွင့်ပွင့်လင်းလင်း
ရှင်းရှင်းဘွင်းဘွင်းပြောတတ်သော ဦးလှဆွေကို သိကြမယ် ထင်ပါတယ်။ ဦးလှဆွေ ပြောလိုက်တဲ့ စကားတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ခွပ်ဒေါင်းမဟုတ်။

Angry Bird သာ ဖြစ်ကြောင်း ပြောဆိုမှု၊
သတင်းထောက်သာ မျိုးချစ်စိတ်ရှိလျှင် ငံပြာရည် စက်ရုံဟု ရေးသင့်ကြောင်း၊ NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူတွေက အသုံးမကျဘူးဟူ သော ဝေဖန်ချက်၊
 ရွေးကောက်ပွဲ မဲဆွယ်ကြရာတွင် NLD ပါတီသည် မိမိဓါတ်ပုံကို မိမိ ဖော်ပြ၍ သတ္တိရှိရှိ ယှဉ်ပြိုင်ရဲသူများ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဓါတ်ပုံများ ဖြင့် သာ စည်းရုံးနေကြကြောင်း ဝေဖန်ချက် ၊စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ၌ ကျဆုံး သွားသော တပ်မတော်သား များအတွက် ပေးသည့် ထောက်ပံ့ကြေးငွေသည် ဂျနီဗာလိုပက်၏ တင်ပါး တစ်ခြမ်း အာမခံ ထားရှိမှု မျှသာ ရှိကြောင်း ပြောဆိုချက်တို့သည် လူအများကြား အထူးထင်ရှားခဲ့သည်။

ယခုအခါ ယနေ့ခေတ်စားလာသော Facebook ကို ခေတ်နှင့်အမီ
သုံးစွဲလာသည့် အပေါ် နှင့် Facebook သုံးရခြင်း၏ ရည်ရွယ်ချက်ကို ဦးလှဆွေက သူ၏ Fcaebook စာမျက်နှာတွင် ယခုကဲ့သို့ရေးတင်ထားသည်ကို မျှဝေပေးလိုက်ရပါတယ်။

    ဘွင်းဘွင်း ပြောရရင်တော့ဗျာ ကျွန်တော်က စစ်သားဟောင်းဆိုတော့ တောထဲနေပြီး စစ်တိုက်လာရတာများတယ်။ တပ်က အနားယူပြီးတော့လဲ ရွာက ကျွန်တော့အခင်းမယ် ယာစိုက်တာနဲ့ တောလိုက်တာနဲ့ဆိုတော့ အခုခေတ်နည်းပညာတွေနဲ့ ဝေးတယ်ဗျ။ အရင် ကျွန့်တော့်ဆောင်းပါးတွေဆို facebook တင်ရင် သမီးကိုရိုက်ခိုင်းပြီး တင်ရတယ်။ သူက ကျွန်တော့ရဲ့ Facebook guide ပေါ့။ အခု guide မပါပဲ စမ်းသုံးနေတာ စာတောင်မဆိုသလောက်လေးရိုက်တတ်လာပါပြီ။ ဒီခေတ်က နည်းပညာခေတ်ဗျ။ ဘာမဆိုသူက ရှေ့တန်းရောက်နေတယ်။ ကျွန်တော်တို့ထက် ကြီးသူ ငယ်သူ ရွယ်တူ အတော်များများ နည်းပညာကိုကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေကြပါတယ်ဗျ။ ကျွန်တော်ကတော့ အခု သင်ယူဆဲပါ။

    ဦးလှဆွေfacebook သုံးစွဲရခြင်းရည်ရွယ်ချက်
     ၁ စစ်မှန်ခြင်း truth
    ၂ မိမိကိုယ်ကိုတာဝန်ခံခြင်း accountability
    ၃ အမှန်ကိုဝေဖန်ထောက်ပြလိုခြင်း criticise
    ၄ ယုံကြည်မှူ့အားမျှဝေလိုခြင်း share
    ၅ အခြားသူများကိုကူညီဖေးမလိုခြင်း kind

 Credit To ဖိုးသူတော်(www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...