home

Tuesday, July 22, 2014

ရန်ကင်းမှာ ခေါင်းဖြတ်လူသတ်သူ သေဒဏ်ချခံရ

ရန်ကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ လေးလကျော်က ဖြစ်ခဲ့တဲ့ ခေါင်းဖြတ် လူသတ်ကျူးလွန်သူ အသက် ၂၂ နှစ် အရွယ်ရှိတဲ့ ချစ်ပို (ခ) ဝေယံဖြိုးကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီနေ့မွန်းလွဲ ၁ နာရီမှာ သေဒဏ်အမိန့် ချခဲ့ပါတယ်။
ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး တွဲဘက်(၄) မှခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က “အခင်းဖြစ်တဲ့ညက သေဆုံးသူကို ထိုးကြိတ်ရိုက်နှက်ပြီး နာရီဝက်ခန့်ကြာမှ နေအိမ်ကနေ ငှက်ကြီးတောင်ဓါး ပြန်ယူပြီး ခေါင်းဖြတ်လူသတ်ခဲ့တာကို သက်သေအထောက်အထား ခိုင်လုံစွာနဲ့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ချစ်ပိုက ကနဦးမှာ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပေမယ့် သူ့ကိုအဓိက စစ်ဆေးချိန်မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့တယ်။ ဒါပေမဲ့လည်း သေဆုံးသူရဲ့ ဒဏ်ရာတွေအရ သေစေလိုတဲ့ ကြံစည်စိတ်နဲ့ လူသတ်ခဲ့တာ ပေါ်လွင်ထင်ရှားခဲ့တယ်။ ဒီမိုကရေစီခေတ်ကို ဦးတည် လျှောက်လမ်းနေချိန်မှာ တရားစီရင်ရေးပိုင်းက မှန်ကန်တည့်မတ်စေရန် ရည်ရွယ်ချက်နဲ့ ဒီအမှုကို သေမိန့်ချမှတ်ရတာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
ရန်ကင်းမြို့နယ်ရှိ မေတ္တာရိပ်သာလမ်းဆုံတွင် မေလ ၁၅ ရက် ညပိုင်းက လမ်းပေါ် အရက်ထိုင်သောက်နေသည့် ချစ်ပို(ခ)ဝေယံဖြိုးကို လူငယ်မေတ္တာလမ်း၌ နေထိုင်သူ အသက် ၃၂ နှစ် အရွယ်ရှိ ကိုမင်းမင်းဦး(ခ) အကြီးကောင်က မတော်တဆ ဝင်တိုက်မိရာမှ ခေါင်းဖြတ် အသတ်ခံရမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြသက်သေနှင့် ခံပြသက်သေများ ရုံးတင်စစ်ဆေး ခဲ့ပြီးနောက် သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန်ခဲ့သူ ချစ်ပို(ခ) ဝေယံဖြိုးကို ပုဒ်မ ၃၀၂(၁)(ခ)ဖြင့် သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကင်းမြို့နယ် မေတ္တာရိပ်သာ လမ်းဆုံမှာ မေလ ၁၅ ရက် ညပိုင်းက လမ်းပေါ် အရက်ထိုင်သောက် နေတဲ့ ချစ်ပို(ခ) ဝေယံဖြိုးကို လူငယ်မေတ္တာလမ်းမှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုမင်းမင်းဦး (ခ) အကြီးကောင်က ဝင်တိုက်မိရာ ကနေ ခုလို ခေါင်းဖြတ် သတ်ခံရတဲ့အထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ပုဒ်မ ၃၀၂ (၁) (ခ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်ရန် အမိန့်ချခံရတဲ့ ချစ်ပိုအတွက် အကျိုးဆောင်ရှေ့နေ ဖြစ်သူက တစ်ပတ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဆီမှာ အယူခံဝင် လျှောက်ထားနိုင်တယ် လို့လည်း သိရပါတယ်။

Credit To The Voice

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...