home

Sunday, July 20, 2014

ဇူလိုင် ၁၉ ည သည်းထန်စွာရွာသောမိုးကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်အချို့ရေလျှံ



ဇူလိုင် ၁၉ ရက်ညက ကြည့်မြင်တိုင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် လဲပြိုသွားသောသစ်ပင်ကို တွေ့ရစဉ် (ဓာတ်ပုံ −Yangon Police)

ဇူလိုင် ၁၉ ရက်ညက သည်းထန်စွာ ရွာသွန်းသောမိုး ကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ် အချို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၀ နေ့လယ်အထိ အချို့မြို့နယ်များ၌ ရေကျဆင်းမှုမရှိသေးသဖြင့် သွားလာသူများ အခက်အခဲကြုံနေရသည်။


ရွှေပေါက်ကံ၊ တောင်ဥက္က လာပ၊ မြောက်ဥက္ကလာပ၊ လှိုင် သာယာ၊ တာမွေ၊ ပုဇွန်တောင် စသည့်မြို့နယ်များ၏ ရပ်ကွက် အများစုတွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
 ‘‘မိုးဖွဲဖွဲကျရင်ကို ရေလျှံ တာ။ မြောင်းပိတ်တာလည်းပါ တယ်။ မြစ်ရေလျှံတာလည်းပါ တယ်။ ငမိုးရိပ်ချောင်း ဒီရေတက် ချိန်ဆို ရပ်ကွက်တွေထဲ ရေလျှံ တယ်’’ဟု တောင်ဥက္ကလာပ (၄) ရပ်ကွက်တွင်နေထိုင်သူ ကိုကျော် သူအောင်က ဆိုသည်။
ရေကြီး၊ ရေလျှံမှုကြောင့် အချို့ရပ်ကွက်များတွင် ကျောင်း များခေတ္တပိတ်ခဲ့ရပြီး ရပ်ကွက်နေ သက်ကြီးရွယ်အိုများ၏ ကျန်းမာ ရေးဆိုင်ရာ အခက်အခဲများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
‘‘ငမိုးရိပ်ချောင်း ဒီရေတက် ချိန်ဆို အိမ်မှာရေတက်တယ်။ ည ၁ နာရီခွဲ ၂ နာရီလောက် ရေကျမှ အိပ်ရတယ်။ ရေတက်လို့ လေး ရက်လောက် မအိပ်ရတာရှိတယ်။ အခုလာမယ့် လကွယ်ညကျရင် ရေထပ် တက်ဦးမယ်’’ဟု ရွှေ ပေါက်ကံမြို့နယ် ၁၁/၁ ရပ်ကွက် နေ မိသားစုရှစ်ဦးရှိ ဒေါ်သန်း သန်းဆင့်က ပြောသည်။
ချောင်းရေတက်နေစဉ် ရေ နစ်မြုပ်သောအိမ်များသည် မြွေ၊ ကင်းအန္တရာယ်များကြုံတွေ့ရပြီး အိပ်ရာဝင်ချိန်တွင် အိမ်၏ကာရံ ထားသော ဝါးထရံကိုပုတ်၍ အသံပြုခြောက်လှန့်ကာ အိပ်ရာဝင်ရကြောင်း အိမ်ရှင်မ ဒေါ်ဥမ္မာချိုက ဆိုသည်။
  ရန်ကုန်တိုင်းအပြင် ပဲခူး တိုင်းရှိ မြို့နယ်များတွင်လည်း ရေကြီး၊ ရေလျှံနေပြီး ယခုနှစ်မိုး တွင်းရေကြီးမှုမှာ အဆိုးရွားဆုံး   အခြေအနေဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်များသို့ ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။
  ရန်ကုန်တိုင်းအတွင်း မြို့ နယ်များ ရေစီးရေလာကောင်းမွန် ရေး မိုးမကျမီ ဦးစားပေးဆောင် ရွက်ရန် ကျပ်သန်း ၅,၅၀၀ ကို သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည် ထောင်စုလွှတ်တော် နာယကထံသို့ ပြီးခဲ့သည့် မတ်လ ၂၄ ရက်စွဲဖြင့် ကျိုးကြောင်းဖော် ဖော်ပြချက် သဝဏ်လွှာပေးပို့ထားသည်။

Credit To 7Day Daily

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...