home

Thursday, July 31, 2014

အတိုးပေးစားတဲ့သူကို လူမြင်ကွင်းမှာ သတ်ပစ်ခဲ့ပြီး အေးဆေးစွာ ဆေးလိပ်သောက်ပြနေတဲ့ တရုတ်လောင်းကစားသမား



လူ့အသက်ကတကယ်ကို တိုတောင်းလွန်းပါတယ်။ အခုမြင် အခုပျောက်၊ အခု စားနေ၊ သွားနေတာ အခုပဲ သေသွားသတဲ့။ ဒီလိုအဖြစ် မျိုးတွေရှိပါတယ်။ သာမန်ရိုးကျသေဆုံး သွားတာဖြစ်ဖြစ်၊ မတော်တဆမှုကြောင့် သေဆုံးသွားတာမျိုးဖြစ်ဖြစ်နဲ့အကြောင်း တွေထဲကမှ အခြားလူတစ်ဦးကသတ်လို့သေသွားတာကတော့ အဆိုးဆုံးဖြစ်ရပ်လို့ပဲ ဆိုချင်ပါတယ်။

သတ်တဲ့သူကော အသတ်ခံရတဲ့သူကောမတွေးဝင့်စရာပါပဲ။လူတစ် ယောက်ကို သတ်ဖို့ဆိုတာက တော်ရုံသတ္တိနဲ့မဟုတ်လို့ လွယ်လည်းမလွယ်ကူပါဘူး။

အခုလည်း တရုတ်လိုအာဏာသက်ရောက်မှုကြီးမားတဲ့နိုင်ငံကြီးရဲ့ လမ်းမပေါ်လူမြင် ကွင်းမှာ လူတစ်ယောက်လည်ပင်းကို လှီးပြီးသတ်ဖြတ်နေတာက တကယ့်ကို ကြောက် ခမန်းလိလိပါပဲ။ ဟူဘီးပြည်နယ်က ဟီလာအိုလီယူ အမည်ရှိအမျိုးသားတစ်ဦးက လောင်းကစားပွဲကြေးရှုံးခဲ့သဖြင့်
 ပြည်နယ်အတိုပေးစားတဲ့လူတစ်ဦးဆီကများပြားလှတဲ့ ငွေပမာဏကိုချေးယူခဲ့ပြီး
 နောက်ပိုင်းလအနည်းငယ်ကြာသည့်တိုင် ပြန်လည် မဆပ်နိုင်ခဲ့၍ အတိုးပေးစားတဲ့လူထံကနေ ငွေပြန်လည်တောင်းတဲ့ မချေမငံစကားတွေ အပြောခံခဲ့ရတဲ့အတွက် အငြှိုးနဲ့ပြန်လည်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဟီလာက ပိုက်ဆံချေးသူရဲ့နောက်ကို အချိန်ကြာခြေရာခံလိုက်ခဲ့ပြီးနောက် မကြာသေး မီရက်အတွင်းကမှ အဆိုပါ ပိုက်ဆံချေးငှားသူကားအတွင်းရှိနေစဉ်မှာအထဲ ၀င်ရိုက် နှက်ခဲ့ပြီးကားရှေ့ခန်းခုံမှာခြေလက်ကြိုးတုတ်ကာ လည်ပင်းကိုဓားနဲ့လှီးခဲ့တာဖြစ် ပါ တယ်။

ကားလမ်းမလူလည်ခေါင်မှာထိုသို့ ရက်ရက်စက်စက် လူသတ်ပြီးတဲ့နောက် ကား နောက်ခန်းတံခါးဘောင်ပေါ်တက်ပြီး စိတ်အေးလက်အေး ဆေးလိပ်သောက်ပြနေခဲ့ပါ တယ်။ သူ့ရဲ့အမူအရာက တကယ့်ကိုအေးဆေးတည်ငြိမ်ပြီးတော့ သူ့ရဲ့လုပ်ရပ် အ တွက်လည်း ၀န်ခံမယ့်ပုံပေါ်ပါတယ်။

ကြည့်ရှုတဲ့ လူတွေများပြားလာကာ ကားလမ်းပိတ်သည်အထိဖြစ်သွားတဲ့အတွက်သက် ဆိုင်ရာက လာရောက်ခဲ့ကာ ဟီလာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့ပါးစပ် ကနေလဲ အတိုးချေးစားတဲ့ သူတွေက ဒီလိုအရှက်တကွဲဖြစ်အောင် ပိုက်ဆံပြန်တောင်း ကာမချေမငံဆက်ဆံတဲ့ သူတွေအတွက် နောက်ဆုံးရလာဒ်လို့ဆိုကာ လမ်းမတစ် လျှောက်အော်သွားခဲ့ပါသေးတယ်။


Credit To ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...