home

Monday, July 21, 2014

အစိုးရနဲ့လူငယ် ထိတွေ့နိုင်မယ့် လူငယ်စင်တာ

အမျိုးသားကွန်ဂရက်က လူငယ်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီးတော့ဖွင့်လှစ်မယ့် လူငယ်စင်တာမှာ ဒါရိုက်တာအဖွဲ့ကို အစိုးရနဲ့ အရပ်ဘက် အချိုးကျ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။
လူငယ်စင်တာဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အစိုးရနဲ့ လူငယ်တွေကြားထိတွေ့နိုင်ဖို့ ရည်ရွယ်ထားတာပါလို့ လူငယ်စင်တာ မူကြမ်းရေးဆွဲရေးကော်မတီမှ ဦးသက်ဆွေဝင်းက ဆိုပါတယ်။

လူငယ်စင်တာရဲ့ ဒါရိုက်တာအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်လို့ အစိုးရအဖွဲ့အစည်း၊ အရပ်ဘက် အဖွဲ့အစည်းနဲ့ လူငယ်ကိုယ်စားလှယ် ခေါင်းဆောင် ငါးဦးစီနဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ အချိုးကျ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းမယ့်နေရာက ရန်ကုန်မှာရှိတဲ့ တိရစ္ဆာန်မွေးမြူရေးနဲ့ကုသရေး တက္ကသိုလ်ဝင်းထဲမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် လူငယ်စင်တာတစ်ခု ဖွင့်ဖို့အတွက်လည်း မေလ ၂၆ ရက်နေ့က တစ်နိုင်ငံလုံးက လူငယ်ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ တစ်ရာကျော် ဆွေးနွေးခဲ့ကြပါတယ်။

Credit To TheVoice

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...