home

Tuesday, July 22, 2014

တောင်ကိုဖြိုပြီး လမ်းဖောက်ခဲ့တဲ့ အံ့ဖွယ်လူသား


Dashrath Majhi လို့ ခေါ်ဝေါ်တဲ့ အိန္ဒိယနိုင်ငံမှ အမျိုးသားဟာ တောင်ကိုဖြိုပြီး လမ်းဖောက် ခဲ့ပါတယ်။တောင်ကို ဖြိုရတဲ့ အကြောင်းကတော့ သူတို့နေထိုင်ရာ ရွာဟာ ၎င်းတောင်ကြီးကြောင့် ဆက်သွယ်ရေး အလွန် မကောင်းပါဘူး။ နာမကျန်းဖြစ်တဲ့ အခါ ရွာသူရွာသားများ ဆေးရုံသို့ လွယ်ကူစွာ မသွားနိုင်ပါဘူး။

ဒီထက် ဆိုဝါးတာက သူ၏ ဇနီးသည်ဟာ ရောဂါတစ်ခု ခံစားရပြီး ဆေးရုံနှင့် ဝေးကွာသည့် အတွက် အချိန်မှီ မကု သနိုင်ခြင်းကြောင့် သေဆုံး သွားခဲ့ ရပါတယ်လို့ Dashrath Majhi သူက ပြောပါတယ်။
ဒီအတွက်ကြောင့် သူဟာ တောင်ကိုဖြိုပြီး လမ်းဖောက်လိုက်ပါတယ်။ ၁၉၆၀ မှ ၁၉၈၂ ခုနှစ် ၂၂ နှစ် ကြာမြင်ခဲ့ပြီး နေ့ည မပြတ်ကြိုးစား ခဲ့ရကြောင့် ၎င်းက ဆိုပါတယ်။ ယခင်က ၇၀ ကီလိုမီတာ ဝေးကွာပြီး ယခု အခါမှာတော့ ၁ ကီလိုမီတာသာ သွားရတော့ကြောင်း သိရပါတယ်။ ဒါ့အပြင် သွားလာရေး လွယ်ကူပြီး ဆေးရုံသို့ လွယ်ကူစွာ သွားလာနိုင်ကြောင်း သိရပါတယ်။

Dashrath Majhi ဟာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှ သေဆုံးသွား ခဲ့သော်လည်း ယခုထိ သူ၏ နာမည် ကတော့ အသက်ရှင် ကျန်ရစ် နေကြောင်း သိရပါတယ်။ ဒါကြောင့် အများကောင်း ကျိုးကို တတ်နိုင် သလောက် သယ်ပိုး သွားခဲ့တဲ့ Dashrath Majhi အကြောင်းကို ဗဟုသုတ အနေဖြင့်ရေးသားပေး လိုက်ရပါတယ်။ 

Credit To  ဖိုးသူတော်(www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...