home

Tuesday, July 29, 2014

မင်းညီမကိုမုဒိမ်းကျင့်ရင်.. သူ့ညီမကိုပြန်ကျင့်..

(အိန္ဒိယရွာလူကြီးများ၏ တရားစီရင်ပုံ )
အိန္ဒိယနိုင်ငံ Jharkhand ပြည်နယ် Bokaro ခရိုင်က အသက် ၁၄ အရွယ် မိန်းကလေးတစ်ဦးဟာ မုဒိမ်းကျင့်ခံခဲ့ရပါတယ်။

သူမရဲ့အစ်ကိုဖြစ်သူဟာ  မုဒိမ်းမှု ကျူးလွန်ခဲ့တာကြောင့် သူမကို ပြန်လည်မုဒိမ်းကျင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပြန်လည်လက်စားချေဖို့ panchayat ဆိုတဲ့ ရွာကောင်စီက ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။

ကောင်မလေးရဲ့အဆိုအရ ကျူးလွန်သူဟာ ဇနီးဖြစ်သူနဲ့အတူ သူမအိမ်ကို ရောက်လာခဲ့ပါတယ်။ ထိုဇနီးဖြစ်သူက ကောင်မလေးကို အိမ်ထဲကဆွဲထုတ်သွားပြီး သူ့ယောကျာ်းဆီ ခေါ်သွားခဲ့တယ်လို့ဆိုပါတယ်။

“ကျွန်မ ကို သူ့ယောကျာ်းဆီ ဆွဲခေါ်သွားတယ်။ အနီးအနားက တောထဲခေါ်သွားပြီး  မုဒိမ်းကျင့်ဖို့ သူ့ယောကျာ်းကိုပြောတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ သူတို့ကို အဆက်မပြတ်တောင်းပန်တယ်။ လက်နှစ်ဖက်အုပ်မိုးပြီး တောင်းပန်ပါတယ်။ ဒါပေမဲ့ သူတို့က နားမထောင်ဘူး။ တောထဲကိုဆွဲခေါ်သွားကြတယ်” လို့ ကောင်မလေးရဲ့ အမေက ပြောကြားခဲ့ပါတယ်။

ကျူးလွန်သူဟာ Nakabandi Passi လို့ခေါ်တဲ့ လူတစ်ဦးဖြစ်ပြီး  ရွာခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ  ဒီလူဟာ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေပါတယ်။
“လက်စားချေတဲ့အနေနဲ့ လုပ်တာပါ။ ဒီအမှုကို လေးလေးနက်နက်ထားပြီး ကျွန်တော်တို့ ကိုင်တွယ်နေပါတယ်” လို့ ဒေသဆိုင်ရာ ထိပ်တန်းရဲအရာရှိ Jitendra Singh က ပြောကြားခဲ့ပါတယ်။

ကောင်မလေးရဲ့အစ်ကို ကိုလည်း ဖမ်းဆီးထားပြီး ပြစ်မှု ကျူးလွန်သူတွေဟာ အပြစ်မရှိကြောင်း ထွက်ဆိုနေတယ် လို့ဆိုပါတယ်။
အိန္ဒိယရဲ့ဝေးလံခေါင်ဖျား ကျေးလက်ဒေတွေမှာ ရွာကောင်စီတွေဟာ တရားစီရင်ရေးတွေကို ပြုလုပ်လေ့ ရှိကြပါတယ်။

Panchayat လို့ခေါ်တဲ့ ဒီအဖွဲ့တွေဟာ ရှေးရိုးစွဲတွေဖြစ်ပြီး ဒီလိုစီရင်ချက်တွေချဖို့ သြဇာလည်း ရှိကြပါတယ်။
“ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေချပါတယ်… ဘယ်တော့မှ အမှားမလုပ်ဘူး”လို့ Reelkha ရွာသူကြီးဟောင်း Sukhbir Singh က ပြောကြားခဲ့ပါတယ်။

Credit To ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...