home

Thursday, July 24, 2014

ကြက်ခြေနီ ဗိုလ်ကြီးကို စော်ကားခဲ့သည့် DVB သတင်းထောက်မလေးနှင့် ပတ်သက်၍ ဦးရဲထွဋ်ပြောတဲ့ သူ့အမြင်


အာဇာနည်နေ့အခမ်းအနားတွင် ကြည်ခြေနီဝန်ထမ်းတစ်ဦး၏ လုံခြုံရေးတာဝန်အရ စစ်ဆေးခြင်း
လုပ်ရပ်အပေါ် သတင်းထောက်တစ်ဦးက မကျေနပ်၍ လူမှုကွန်ယက်တွင် ဖြစ်ပျက်ခဲ့ခြင်းနှင့် စပ်
လျဉ်းပြီး ပြန်ကြားရေးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏အမြင်ကို ထုတ်ဖော်ခဲ့သည်။

"ကြက်ခြေနီဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းကပဲဖြစ်ဖြစ် လုံခြုံရေးအရ တာဝန်ပေးခံထားရပြီဆိုရင်
တော့ စိစစ်ပိုင်ခွင့်ရှိတယ်ဆိုတာ လက်ခံစေချင်ပါတယ်။ ကျွန်တော့အမြင်ကတော့ အစိုးရ
အရာရှိဖြစ်ဖြစ်၊ မီဒီယာ သမားဖြစ်ဖြစ်၊ သာမန်ပြည်သူဖြစ်ဖြစ်၊ အများပြည်သူ လုံခြုံရေးအတွက်
စစ်ဆေးဆောင်ရွက်နေရစဉ် နား လည်မှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်တာကိုပဲ လိုလားပါတယ်။
သမ္မတကြီးနဲ့ ဇနီးဖြစ်သူတောင် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ အခမ်းအနားများကို
တက်တဲ့အခါ ၀င်ခွင့်ကဒ်ပြားကို လေးလေးစားစား ချိတ်ဆွဲလာတာ တွေ့ရမှာပါ။ ဒါဟာ
ကျွန်တော်တို့ကို သမ္မတကြီးက အကောင်းဆုံး သတင်းစကားပေး လိုက်တာလည်းဖြစ်ပါ
တယ်"ဟု ဦးရဲထွဋ်က ၎င်း၏အမြင်ကို အင်တာနက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ သည်။

အဆိုပါ အာဇာနည်နေ့တွင် အာဇာနည်ကုန်းပေါ်တွင် အလေးပြုသောနေရာ၌ ကြက်ခြေနီအဖြစ်
တာဝန် ထမ်းဆောင်သော အနုပညာရှင်တစ်ဦး မီဒီယာသမားတစ်ဦးတို့ ပြဿနာဖြစ်ခဲ့ကြခြင်း
အပေါ် အဆိုပါ မီဒီယာသမားတစ်ဦးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်တွင် စကားကြမ်းတမ်းစွာဖြင့်
  ဖော်ပြခဲ့ခြင်းအပေါ် ဦးရဲထွဋ်က ယခုကဲ့သို့ နှိုင်းယှဉ်ထောက်ပြခဲ့ခြင်းဖြစ်သည်။

"မင်းသားဝေဠုကျော်က ကျမကို ခင်ဗျား ဆင်းပါတဲ့၊ ကျွန်မက သတင်းရိုက်ကူးနေတဲ့သူလို့
  ပြောတော့ သူက ကျမကို သတင်းထောက်ကဒ်ပြပါဆိုပြီး ပြောတော့ ကဒ်က လူတွေနဲ့တိုးပြီး
  ပျောက်သွားတယ် ကိုဝေဠုရေဟု ပြောပါတယ် ဒီတော့ သူက အဲ့ဒါတော့ မတတ်နိုင်ဘူး
ဆင်းပေးပါတဲ့ အဲ့တော့ ကျမက လည်း နင့်ရုပ်ကိုငါတို့ အမြဲတမ်းရိုက်လာတဲ့သတင်းထောက်ပါ။
ငါက လာလိမ်စရာ အကြောင်းမရှိဘူး။ နင်ကန၀တထက်ထောင် ကြောက်ဖို့ကောင်းနေတဲ့
မင်းသားပါလား"ဟု ပြောဆိုခဲ့ကြောင်း ဖေ့စ်ဘွတ် စာမျက်နှာတွင် အဆိုပါအခြင်းအရာသည်
မီဒီယာသမားများအပေါ် စော်ကားခြင်းဖြစ်ကြောင်း ရေးသားခဲ့ သည်။

သရုပ်ဆောင် ဝေဠုကျော်အနေဖြင့်လည်း မိမိသည် မည်သည့်မီဒီယာကိုမှ စော်ကားလိုခြင်း
မရှိကြောင်း၊ လာရောက်ဂါရ၀ပြုသည် ပုဂ္ဂိုလ်များ အဆင်ပြေစေရေးအတွက် ပြုမူခဲ့သည်ဖြစ်
ကြောင်း၊ ၎င်းသည် ရန်ကုန်တိုင်း ကြက်ခြေနီအဖွဲ့တွင် စည်းရုံးရေးမှူး တာဝန်ထမ်းဆောင်နေ
ကြောင်း သိရသည်။

Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...