home

Tuesday, July 22, 2014

ပင်စင်စားများအနေဖြင့် ပင်စင် တစ်လစာ အပြည့်ရှိမှသာ ဘဏ်ဖွင့်ရက်တိုင်း ထုတ်ယူနိုင်မည်

မိဘပြည်သူ ပင်စင်စားများ အနေဖြင့် မိမိတို့၏ ပင်စင်လစာများ ထုတ်ယူရာတွင် ပင်စင်လစာ တစ်လစာ အပြည့် ရှိမှသာလျှင် ဘဏ်ဖွင့်ရက်တိုင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ ဘဏ်မန်နေဂျာ တစ်ဦးက ပြောသည်။

“ကျွန်မတို့ မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် မိဘပြည်သူ ပင်စင်စားများအား ဘဏ်မှာ တန်းစီတိုးဝှေ့နေရ ခြင်း၊ အချိန်ကုန် လူပန်းခြင်း မရှိစေဖို့ ဘဏ်ဖွင့်ရက်တိုင်း ပင်စင်လစာများ ထုတ်ယူခွင့် ပြုလိုက်ပါပြီ။ အရင်တုန်းက လစဉ် ၂၁ ရက် တစ်ရက်တည်းကိုသာ ပင်စင်ထုတ်ရက်အဖြစ် သတ်မှတ်ထားတာပါ။ အခုလ ကစပြီး ဘဏ်ဖွင့်ရက်တိုင်း ပင်စင်ထုတ်လို့ရပါပြီ ။ ဒါပေမယ့် ပင်စင်လစာ တစ်လစာ အပြည့်ရှိမှ ထုတ်ယူလို့ ရမှာပါ။ တစ်လစာ အပြည့်မရှိဘဲ ထုတ်ခွင့်ရမှာ မဟုတ်ပါဘူး။ အချို့က နားလည်မှု လွဲမှားပြီး ဘဏ်ဖွင့်ရက် တိုင်း ထုတ်လို့ရတယ်ဆိုတော့ တစ်လမပြည့်ဘဲ လာထုတ်တာတွေလည်း ရှိတယ်။ တစ်လစာ အပြည့်ရှိမှ ထုတ်လို့ ရမှာပါ” ဟုအဆိုပါ ဘဏ်မန်နေဂျာက မြန်မာ့အလင်းသို့ ပြောကြားသည်။

ပင်စင်ဦးစီးဌာနမှ မြန်မာ့စီးပွားရေး ဘဏ်ခွဲများသို့ ပင်စင်လွှဲပြောင်း ထုတ်လိုကြောင်း တင်ပြထားခြင်း မရှိသူများ အနေဖြင့် မိမိတို့ သက်ဆိုင်ရာ အငြိမ်းစား ယူခဲ့သည့် ဌာနဆိုင်ရာများ၌သာ ပင်စင်လစာများ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ပင်စင်ဦးစီးဌာနမှ မြန်မာ့စီးပွားရေး ဘဏ်များသို့ လွှဲပြောင်းပေးသည့် ပင်စင် များကိုသာ မိမိတို့ အဆိုပြုထားသော ဘဏ်များ၌ ပင်စင်လစာများ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပင်စင်ထုတ်ယူသည့် ဘဏ်၌ ငွေစုဘဏ်စာရင်း/စာရင်းရှင် စာရင်းဖွင့်လှစ်၍ မိမိ၏ ပင်စင်လစာကို အဆိုပါ ငွေရဘဏ်စာရင်း/စာရင်းရှင် စာရင်းသို့လစဉ် ထည့်သွင်းပေးရန် ဘဏ်ခွဲသို့ အကြောင်းကြား ထားပါက ကိုယ်တိုင် ဘဏ်ခွဲသို့ သွားရောက်ရန် မလိုဘဲ ဘဏ်ခွဲမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...