home

Thursday, July 31, 2014

လေလှိုင်းရုပ်သံပုံရိပ်ကတဆင့် မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ တရုတ်မင်္ဂလာမောင်နှံ


ကမ္ဘာတစ်လွှားနေရာတော်တော်များများမှာ လက်ထက်ထိမ်းမြားခြင်း၊ မင်္ဂလာဆောင် ခြင်းကို ထူးထူးဆန်းဆန်းအကြောင်းအရာတွေဖြစ်အောင် ဖန်တီးပြီးပြုလုပ်ကြတာကို အမြဲလိုလို မြင်နေတွေ့နေရပါတယ်။ အခုလည်း တကယ့်ကို နှလုံးသွေးတွေအေးစက် သွားလောက်အောင် ရင်သပ်ရှုမောဖွယ်ခံစားသွားစေခဲ့တဲ့မင်္ဂလာဆောင်တစ်ခုကိုတရုတ်နိုင်ငံပြည်နယ်တစ်ခုမှာ
 ပြုလုပ်သွားခဲ့ပါတယ်။

ရှင်ဂျန်းပြည်နယ် နယ်ခြားစောင့်တပ် အရာရှိတပ်မှူးကြီးဖြစ်တဲ့ လီအန်တီအိုက သူ့ရဲ့ ချစ်သူဇနီးလောင်း ယန်နဲ့ မင်္ဂလာဆောင်ရက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့သတ် မှတ်ထားခဲ့တာဖြစ်ကာ အဲ့ဒီနေ့မှာ သူက စစ်မြေပြင်မှာ အရေးတကြီး တာဝန်ကျနေတဲ့ အတွက် ပြန်လာဖို့ရာအဆင်မပြေခဲ့ပါချေ။ သို့သော်လည်းပဲ စစ်တပ်တပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေရဲ့အကူအညီနဲ့ အဲ့ဒီနေ့မှာပဲ စစ်မြေပြင်ကနေပြီးတော့ မင်္ဂလာဆောင်နိုင် ခဲ့ပါတယ်။သူတို့က စစ်မြေပြင်မှာမင်္ဂလာအခမ်းအနားတစ်ခုလိုခင်းကျင်းထားပြီးတော့ လီအန် ကလဲ သတို့သားဝတ်စုံကိုဝတ်ဆင်ထားတယ်။ တစ်ဖက်မှာ သတို့သမီးယန်ကလည်း မင်္ဂလာအခမ်းအနားတစ်ခုထဲမှာ သတို့သမီး အဆောင်အယောင်တွေနဲ့ ဧည့်လာ ပရိသတ်တွေအကြားမှာရှိနေပါတယ်။ ပြီးတော့မှ သူ တို့ရဲ့ အခင်းအကျင်းပုံရိပ်တွေကို ရုပ်သံရိုက်ကူးကာ လေလိုင်းမှတဆင့် ပေးပို့ခဲ့ကာ တစ်ဖက်စီရဲ့ ပရော်ဂျက်တာ ဖန် သားပြင်မှာပုံရိပ်ပြန်ထင်စေခဲ့တာက  တကယ့်အပြင်မှာ မင်္ဂလာအခမ်းအနားပြုလုပ် ကျင်းပနေသလိုမျိုးပါပဲ။

မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ပေးကြတဲ့ ဧည့်သည်တော်တွေကိုလည်း ပါးစပ်အဟောင်း သားဖြစ်စေခဲ့ပါတယ်။ တကယ့်ကိုပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေးတစ်ခုပါ။ မင်္ဂလာခန်းမထဲ ကို ဖခင်ဖြစ်သူက သတို့သမီးလောင်းကို လက်ချိတ်ပြီးခေါ်လာပေးတယ်။ နောက် သတို့သားထံပေးအပ်တယ်။ ပြီးတော့ ဧည့်သည်တွေကို ဧည့်ခံတယ်။ မင်္ဂလာအရက် သောက်တယ်။ အတူလမ်းလျှောက်တယ်။ စသဖြင့် မင်္ဂလာအခမ်းအနားနဲ့ဆိုင်တဲ့ အရာတွေအားလုံးကိုပြီးပြည့်စုံအောင်လုပ်ဆောင်သွားတဲ့ ဒီလက်ထက်မင်္ဂလာပွဲလေးက တရုတ်ပြည်တစ်ဝိုက်မှာ အတော်လေးနာမည်ကြီးသွားခဲ့ပါတယ်။



စစ်မှုထမ်းဆောင် နေတဲ့ အရာရှိသတို့သားလောင်းလေးက သတို့သမီးလေးကို ဘယ်လောက်ချစ် ကြောင်းနဲ့ နိုင်ငံတာဝန်ကိုမလစ်ဟင်းအောင်သယ်ပိုးရင်း တစ်ဖက်မှာလည်း ကိုယ်ချစ် သူကို စိတ်ပျော်ရွှင်သွားအောင်လုပ်ပေးနိုင်တဲ့ စိတ်ဓာတ်ကလေးကို မြင်ရသူတွေအား လုံးက ချီးကျူးခဲ့ကြပါတယ်။


Credit To ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...