home

Saturday, July 19, 2014

အိမ်က ညီမ ညက မြွေဟောက်ကိုက်သွားလို့ ဆေးရုံသွားနေတယ်တို့ ဘာတို့... (ဟာသ)




အိမ်က ညီမ ညက မြွေဟောက်ကိုက်သွားလို့ ဆေးရုံသွားနေတယ်တို့ ဘာတို့

added မြွေကိုက်ခံနေပုံ with 360 effect

Comments
မစပ်စု ။ ဟယ် ဘယ်လိုဖြစ်ရတာလဲ ဘယ်အချိန်ကလဲ ညကြီးအချိန်မတော်သူက ဘာထွက်လုပ်တာလဲ.

ကိုကိုကြောင် ။ ညီမလေး ပြန်ကောင်းပါစေ အကိုဆုတောင်းပေးနေပါတယ်.

နှာကိုကို ။ ညီမလေးက မြွေကိုက်ခံထားရတောင် ချစ်စရာလေး ခင်လို့ရမလားဟင်.

မောင်မောင်ဘုကလန့် ။ မြွေပဲ ကိုက်မှာပေါ့ လောကကြီးက သတ်မှတ်ချက်ပဲ ဘယ်သူမှ လွန်ဆန်လို့ မရဘူး.

မပါလေရာ ။ မြွေလေးက ချစ်စရာလေးနော် ခရုခရု.

ဘူးလက်လှဆွေ ။ အဲ့မြွေလုံးပတ်က ဂျနီဖာလိုပက်ဇ် တင်ပါးလောက်ကြီးရဲ့လား.

အစိုးရဘောမများ ။ ဒီမြွေတွေဟာ NLD ပါတီဝင်တွေဖြစ်နိုင်တဲ့အတွက် ဒါဟာ သတ္တဝါခြားတွေကို နောင်တစ်ချိန်မှာသမ္မတဖြစ်စေဖို့အကြံဖြစ်နိုင်တယ်.

နိုင်ငံရေးဂုရုများ ။ အဲ့ဒါ အစိုးရက ခြေဥ မပြင်စေချင်လို့ မြွေတွေလွှတ်ပြီး လူတွေကို လမ်းလွှဲနေတာ.

ကိုမျိုးချစ် ။ အဲ့ဒါ ကုလားတွေ လွှတ်တာ ဖြစ်မယ် အဲ့နား အကုန် မီးရှို့.

ဆြာကြီး ။ မြွေကိုက်တဲ့နေရာကို ကန်စွန်းရွက်ကို ညက်အောင်ထောင်းပြီး အုံထားပေးရင် ကောင်းသွားတယ်တဲ့ အကိုပေ့ခ်ျတစ်ခုမှာ ဖတ်ဖူးတာ.

မောင်မျှဝေ ။ ဒီညီမလေးအတွက် အားလုံးဆုတောင်းပေးရအောင် 1share=1pray

ဆေးထိုးမောင် ။ အဲ့လို ဖြစ်ရင် အမြန်ဆုံး ကိုက်တဲ့မြွေကိုရှာပြီး အဲ့မြွေကို ပြန်ကိုက်ခိုင်းလိုက်ရင် အဆိပ်တွေ ပြန်ပါသွားရောတဲ့ ကိုယ်တွေ့နော်.

ထိုအချိန် ၁၁ဖွဂျာနယ်ပေ့ခ်ျ၌ စာလုံးမဲကြီးဖြင့်

” မ facebooker၏ ညီမဖြစ်သူ လင်နောက်လိုက်ရာ မြွေဟောက်ကိုက်ခံရပြီး ဆေးရုံသို့ရောက်ရှိချိန် ဆရာဝန်များ၏ တာဝန်မဲ့မှုကြောင့် သနားစရာ မြွေဟောက်ကြီး အသက်ဆုံးရှုံး ”

 Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...