home

Thursday, July 17, 2014

တောင်ကိုရီးယားတွင် မူကြိုကျောင်းအနီး ရဟတ်ယာဉ်ပျက်ကျပြီး လိုက်ပါလာသူ (၅)ဦးလုံးသေဆုံး

တောင်ကိုရီးယား နိုင်ငံတွင် လူစည်ကားသည့် ဧရိယာရှိ မူကြိုကျောင်း တစ်ကျောင်းအနီး ရဟတ်ယာဉ်တစ်စီး ပျက်ကျရာ လူ(၅)ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ဇူလိုင်(၁၇)ရက်၊ မနက်ပိုင်း ဒေသစံတော်ချိန် (၁၁)နာရီက နိုင်ငံတောင်ပိုင်းရှိ ဂွမ်ဂျူးမြို့တွင် ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားပြီး လိုက်ပါလာသူ (၅)ဦးစလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ မြေပြင်ပေါ်တွင် ရှိနေသူများအနက် တစ်ဦးတစ်ယောက်မျှ သေကြေသည့် သတင်းပေးပို့မှု မရှိခဲ့သော်လည်း အနီးရှိ အထက်တန်း ကျောင်းသား တစ်ဦးမှာမူ ရဟတ်ယာဉ် ပျက်ကျစဉ် လွင့်စင်လာသည့် အစိတ်အပိုင်းအချို့ ထိမှန်၍ ဒဏ်ရာရခဲ့သည်။

ရဟတ်ယာဉ်သည် လူနေတိုက်ခန်းများနှင့် ကပ်၍ လွဲချော်ကာ မြေပြင်ပေါ်တွင် ပျက်ကျပြီး မီးလောင်ကျွမ်း ပျက်စီးသွားခဲ့သည်။ “ရဟတ်ယာဉ်ပေါ်မှာ လူ(၅)ယောက် လိုက်ပါခဲ့ပါတယ်။ အားလုံး သေဆုံးကုန်ပြီလို့ ယူဆရပါတယ်”ဟု ဒေသခံ မီးသတ်ဌာန အကြီးအကဲ မွန်ကီရှိတ်ခ်က ပြောကြားခဲ့သည်။

ရုပ်မြင်သံကြား သတင်းဌာနများက လမ်းဘေးတစ်နေရာတွင် မီးလောင်နေဆဲဖြစ်သည့် ရဟတ်ယာဉ် အပိုင်းအစများ၏ ပုံရိပ်ကို ထုတ်လွှင့် ပြသခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်သည် Eurocopter Dauphin 2 ဖြစ်ပြီး Airbus Helicopters က ထုတ်လုပ်သည့် အင်ဂျင်နှစ်လုံးတပ် အမျိုးအစား ဖြစ်သည်။

Credit To  ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...