home

Saturday, July 19, 2014

ဆင်းမ်ကတ် ငွေဖြည့်ကတ်တွေ ဖြန့်ချိဖို့ ကုမ္ပဏီခြောက်ခု အူရီဒူးရွေးချယ်


အူရီဒူးမြန်မာဟာ ဆင်းမ်ကတ်တွေ၊ ငွေဖြည့်ကတ်တွေနဲ့ မိုဘိုင်းဖုန်းတွေကို ဖြန့်ချိရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ပြည်တွင်းကုမ္ပဏီ ခြောက်ခု ရွေးချယ်ခန့်ထားတယ်လို့ သိရပါတယ်။

Great Ayewaddy တယ်လီကွန် ကုမ္ပဏီ၊ MDG မိုဘိုင်း ကုမ္ပဏီလီမိတက်၊ Consumer Group Myanmar ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Direct Consumer လီမိတက်၊ Capital Diamond Star Group ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Direct Consumer လီမိတက်၊ UMG ကုမ္ပဏီရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ Kiwi & I ကုမ္ပဏီ၊ MGS ကုမ္ပဏီရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ MDR Golden Myanmar Sea ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့တယ်လို့ အူရီးဒူးမြန်မာက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်စတဲ့ ဒေသတွေမှာ ရှိတဲ့ မြို့နယ်ပေါင်း ၁၃၅ မြို့နယ်မှာ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်တွေ၊ ငွေဖြည့်ကတ်တွေနဲ့ မိုဘိုင်းလ်ဖုန်းတွေကို တာဝန်ယူ ဖြန့်ချိသွားမှာ ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် အရောင်းကိုယ်စားလှယ် တွေလည်း ခန့်ထားပြီး ဖြစ်တယ်လို့ အူရီဒူးမြန်မာ ဆီကနေ သိရပါတယ်။
"မြို့နယ် ၁၀၀ ကျော်မှာ ရောင်းမယ်ဆိုတော့ ဒီနေရာတွေမှာ သုံးလို့ရလို့ ဖြစ်မယ်ထင်တယ်။ ဒါဆိုရင်တော့ အူရီးဒူးကတ်က မဆိုးဘူး ပြောရမယ်။ တစ်နိုင်ငံလုံးနီးပါး ရတာပဲ။ ဈေးလည်း သက်သာတယ်ဆိုတော့ သုံးမယ်" လို့ ပြည်ပကုမ္ပဏီ တွေကနေ ချထားပေးမယ့် တန်ဖိုးနည်း ဆင်းမ်ကတ်ဝယ်ဖို့ စောင့်ဆိုင်းနေသူ မြောက်ဥက္ကလာပ မြို့နယ်မှ ဒေါ်လွင်လွင်အောင် ကဆိုပါတယ်။
တခြားဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနော မြန်မာကလည်း မြန်မာတစ်နိုင်ငံလုံးမှာ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်နဲ့ တခြား ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ဖြန့်ချိဖို့ အရောင်းကိုယ်စားလှယ် ၆၀ ကျော်ခန့်ထားတယ်လို့ တရားဝင် ထုတ်ဖော် ပြောကြားထားပါတယ်။

Credit To TheVoice

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...