“ ညမထွက်ရအမိန့်ကို ထပ်မံ ဖြေလျောပေးလိုက်တာဖြစ်ပါတယ်၊ အစည်းအဝေးပြုလုပ်ပြီး ထပ်မံဖြေလျော့ ပေးဖို့လုပ်ဆောင်တာဖြစ်ပါတယ်၊ ဇူလိုင် ၂၁ရက်နေ့က ညကိုးနာရီမှ သုံးနာရီ သို့ဖြေလျော့ပေးခဲ့ပါတယ်၊ အခုလည်း ထပ်မံဖြေလျော့ပေးတာဖြစ်ပါတယ် ” ဟု ယင်းက ပြောသည်။
မန္တလေးမြို့လက်ရှိအနေအထားမှာ တည်ငြိမ်နေပြီဖြစ်သောကြောင့် ပြည်သူများ စီးပွားရေး လုပ်ငန်းများအ ဆင်ပြေလာစေရန်အတွက် ယခုအခါ ထပ်မံဖြေလျောပေးခဲ့ခြင်း ဖြစ်သည်။
“ ညမထွက်ရအမိန့် ဖြေလျော့ပေးလိုက်တာကောင်းပါတယ်၊ မဟုတ်ရင် ညပိုင်းဈေး ရောင်းရတာ တော်တော်အဆင်မပြေဘူးဗျ၊ စောစောပိတ် နေရတယ် ” ဟု ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူကိုအေး မင်းကပြောသည်။
Credit To Mizzimaburmese.com
No comments:
Post a Comment