home

Thursday, July 17, 2014

ကျောင်းပြေးပြီဆိုတာနဲ့ အိမ်ကို မက်ဆေ့ဂ်ျပို့မယ့်ကတ် ကျောင်းသားများကိုထုတ်ပေး

ကျောင်းပြေးတယ်ဆိုတာ ကျောင်းမသွားဘဲ ကျောင်းဆင်းချိန်မှာ အိမ်ကိုခပ်တည်တည်နဲ့ပြန်လာတာပါ။
နောက်ပိုင်းကလေးတွေ အတွက်တော့ ကျောင်းပြေးတယ် ဆိုတာ အဲ့လောက်လွယ်ကူ မရိုးရှင်းတော့ပါဘူး။

ထိုင်းနိုင်ငံ Pathum Thani ပြည်နယ်မှာ ကျောင်းသားတွေအတွက် အီလက်ထရောနစ်ကတ်တွေ ထုတ်ပေးခဲ့ပါပြီ။ဒီကတ်က ကျောင်းသားတွေ ကျောင်းပြေးပြီဆိုတာနဲ့ မိဘတွေဆီ မက်ဆေ့ဂ်ျပို့ပေးမှာဖြစ်ပါတယ်။


အစမ်းပြသမှုကို Sam Khok ခရိုင် Samkhok ဆိုတဲ့ ကျောင်းမှာပြုလုပ်ခဲ့ပါတယ်။
ကျောင်းရောက်တာနဲ့ ကျောင်းသားတွေဟာ ဒီကတ်နဲ့ စကင်ဖတ်ရမှာဖြစ်ပြီး ပျက်ကွက်တဲ့ကျောင်းသားရှိပြီဆိုတာနဲ့ အိမ်ကိုလှမ်းပြီး မက်ဆေ့ဂ်ျပို့မှာဖြစ်ပါတယ်။

ဒီကတ်တွေကို ကျောင်းသားပေါင်း ၃၅၀၀၀ ဆီ ဝေဖို့အတွက် ဘတ် တစ်သန်း အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

ကျာင်းသားမိဘတွေဟာ www.samkouk.com ဆိုတဲ့ ဝက်ဆိုက်ဒ်ကိုသွားပြီးတော့လည်း သူတို့ကလေးတွေရဲ့ အခြေအနေကို ကြည့်လိုရပါတယ်။သူငယ်ချင်းအစား scan ဖတ်ပေးလို့မရအောင် ဆရာမ တစ်ယောက်တော့ စောင့်ကြည့်နေမယ် လို့ဆိုပါတယ်။


Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...