home

Saturday, July 19, 2014

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အရပ်ဝတ်နဲ့လာပြီး အာဇာနည်တွေကို အလေးပြု



“ပြည်သူတွေကြားထဲ သာမန်အရပ်ဝတ်နဲ့ ရောက်လာတာပါ၊ အခမ်းအနားမှူးက ထီးပိတ်ပေးပါ၊ ဦးထုတ်ချွတ်ပေးပါ ဆိုတော့လည်း သာမန်ပြည်သူ တစ်ဦးလိုပဲ လိုက်နာပါတယ်၊ ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲပြီး အလေးပြုကြတော့လည်း လိုက်ပြုပါတယ်” လို့ လုံခြုံရေးတာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။


ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကန်သာယာကွင်းမှာ ရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တခြားမြို့တွေ နည်းတူ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်ဟာ အရပ်ဝတ် ဝတ်ပြီး တခြားပြည်သူ တွေနဲ့အတူ လာရောက် အလေးပြုခဲ့တယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် အဖွဲ့ဝင်တစ်ဦးက တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ခုလို ပြည်သူကြားမှာ အရပ်ဝတ်နဲ့ တွေ့ရမယ်လို့ မထင်မိဘူးလို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဦးသိန်းအောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အောက်မေ့ဖွယ် ဓာတ်ပုံပြခန်းကိုလည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ အာဇာနည်နေ့ မတိုင်မီ ဇူလိုင် ၁၆ ရက်နေ့က စပြီး မြို့တော်ခန်းမနဲ့ ကန်သာယာကွင်းတို့မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ၊ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ သီချင်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ အာဇာနည်ကြီးတွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ဆောင်ရွက်ချက်တွေ၊ အတ္ထုပ္ပတ္တိတွေ၊ မိသားစု ဓာတ်ပုံတွေကို ပြခန်းဖွင့်ပြီး ပြသတာတွေနဲ့ အာဇာနည်နေ့မှာ ဥသြဆွဲ ဂုဏ်ပြုတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

Credit To TheVoice

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...