home

Saturday, July 19, 2014

နောက်က လက်နဲ့မပုတ်ပါနဲ့

ခရီးသည်က စကားပြောရန် တိုက်စီသမား၏ပခုံးအား နောက်မှ ခပ်ဖွဖွပုတ်လိုက်သည်။
တိုက်စီသမားက လန့်အော်ကာ ဘေးနားမှကားကို တိုက်မိမလို ဖြစ်သွားသည်။ ရှောင်လိုက်နိုင်သောကြောင့် ပလက်ဖောင်းပေါ် တက်သွားသည်။ ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် လူတစ်ချို့ကို တိုက်မိဖို့နည်းနည်းလေးအလိုတွင် ရပ်သွားသည်။
နှစ်စက္ကန့်လောက် ကားထဲတွင် ငြိမ်သက်သွားသည်။ ထို့နောက် တိုက်စီသမားကပြောသည်။
“သူငယ်ချင်း နောက်တစ်ခါ ဒါမျိုးဘယ်တော့မှ မလုပ်နဲ့။ ခင်ဗျားလုပ်လိုက်တာ တော်တော်လေးလန့်သွားတယ်”
ခရီးသည်က တောင်းပန်သည်။
“ကျွန်တော် ဒါလေးပုတ်တာနဲ့ ခင်ဗျား ဒီလောက်လန့်သွားမယ် မထင်လို့ပါဗျာ”
တိုက်စီသမားက ပြန်ပြောသည်။
”ဆောရီးဗျာ၊ ခင်ဗျားအမှား မဟုတ်ပါဘူး။ ဒီနေ့မှ ကျွန်တော် တိုက်စီ စမောင်းတာဗျ။ ဒါမမောင်းခင် ၂၅ နှစ်လုံးလုံး ကျွန်တော် အသုဘကားမောင်းလာခဲ့တာ”

Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...