home

Thursday, July 17, 2014

ကားပါကင်ဝန်းလူမြင်ကွင်းမှာ အရှက်မဲ့လိင်ဆက်ဆံနေတဲ့ စုံတွဲဓာတ်ပုံတွေ တွစ်တာ စာမျက်နှာမှာ ရေပန်းစားလူကြည့်အများဆုံးဖြစ်


အနောက်အိုင်ယာလန်ပြည်နယ် မြို့တော် ဘေးလ်ဖက်စ်ရှိ တက္ကသိုလ်ကျောင်းသား တွေ အများဆုံးသွားတတ်ကြပြီး နာမည်ပျက်နဲ့ ကျော်ကြားနေတဲ့ အယ်လ်ဒီဗီနို နိုက်က လပ်ရဲ့ကားပါကင်ဝန်းကြမ်းပြင် လူမြင်ကွင်းမှာ စုံတွဲနှစ်တွဲ ပေါ်ပေါ်ထင်ထင် လိင်ဆက် ဆံနေကြတဲ့ ဗီဒီယိုဖိုင်က တွစ်တာစာမျက်နှာရဲ့ ယခုရက်ပိုင်းမှာ လူကြည့်အများဆုံးဖြစ် နေခဲ့တယ်လို့ သိရပါတယ်။

ဒီဗီဒီယိုင်ဖိုင်ကိုတင်လိုက်တဲ့သူကလည်း လိင်ဆက်ဆံနေကြတဲ့ သူတို့တွေရဲ့ ဘေးက နေဖြတ်သွားဖြတ်လာခဲ့သူဖြစ်ကာ ဒီဓာတ်ပုံတွေကို ရိုက်ယူခဲ့တာပဲဖြစ်ပါတယ်။ အင်တာ နက် စာမျက်နှာမှာ ဒီပုံတွေပျံ့နှံ့သွားပြီး နှစ်ပတ်အကြာမှာ ဘယ်နေရာမှာဖြစ်ခဲ့သလဲဆို တဲ့ နေရာအတိအကျကို သိခဲ့ရတာဖြစ်ပါတယ်။


ယင်းနိုက်ကလပ်ကိုလာရောက်ကြတဲ့ ဧည့်သည်အများစုက တက္ကသိုလ် အထက်တန်း ကျောင်းသားတွေဖြစ်ကြပြီးတော့ ယခင်ကလည်း အခုလို ဆိုးသွမ်းတဲ့ပြစ်မှုတွေဖြစ်ခဲ့ ဖူးတယ်ဆိုတဲ့ သတင်းဆိုးများလည်း ထွက်ခဲ့ဖူးတဲ့ နာမည်အကြီးဆုံး၊ ခေတ်အမီဆုံး ကလပ်တစ်ခုလည်း ဖြစ်ပါတယ်။


ညသန်းခေါင် ကလပ်တက်ပြီး အပြန်အပြင်ဘက် ကားပါကင်ဝန်းနေရာမှာ အရက်အရှိန် မသေသေးတဲ့ စုံတွဲနှစ်တွဲက အခုကို အရှက်တရားမဲ့ကာ လူမြင်ကွင်းမှာ မတော်တရော် ဖြစ်နေခဲ့တာနဲ့ပတ်သက်ပြီးတော့ အင်တာနက်အသုံးပြုသူတွေရဲ့ အကြီးအကျယ်ပြစ် တင်ရှုံ့ချခြင်းကိုခံရပါတယ်။

ဘယ်သူဘယ်ဝါ မသဲကွဲတဲ့ ဒီဗီဒီယိုဓာတ်ပုံမှာ အပေါ်ပိုင်း ကြိုးတစ်လုံး ဂါဝန်ဝတ်ထားတဲ့ အနောက်အိုင်ယာလန် အမျိုးသမီးငယ်နှစ်ဦးလုံးက အ သက် ၂၄ နှစ်အရွယ် အမျိုးသားနှစ်ဦးစလုံး အပေါ် ခွရက်သားအနေအထားဖြင့် နေခဲ့ တာကိုတွေ့ရပါတယ်။

တွစ်တာစာမျက်နှာမှာ ဒီဓာတ်ပုံတွေတင်လိုက်တာနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ အင်တာနက်အသုံးပြု၊ တွစ်တာစာမျက်နှာကြည့်ရှုသူနဲ့  နယ်ပယ်ပတ်ဝန်းကျင်အသိုင်း အ၀ိုင်းက သူတွေ တော်တော်များများအတွက် အငြင်းအခုံတွေဖြစ်နေကြပါတယ်။


Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...