home

Tuesday, July 29, 2014

သတင်းသမားတွေကိုထိခြင်းဟာ ကျွန်တော်တို့ကို ထိသလိုခံစားရတယ်ဟု ကိုမင်းကိုနိုင်ပြောပြီ



သတင်းမီဒီယာသမားများ ကို စစ်ကြောရေးစခန်းများသို့ ခေါ်ယူစစ်ဆေးခြင်းနှင့် တရားရုံး များတွင် ခေါ်ယူစစ်ဆေးကာ ထောင်ဒဏ်ချမှတ်ခြင်းသည်သတင်း သမားများကို ထိသကဲ့သို့ ၎င်းတို့ ကို ထိသလိုခံစားရကြောင်း ၈၈ မျိုးဆက်ငြိမ်း
ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောသည်။

ဇူလိုင်လ ၂၆ရက်ကသတင်း ထောက်များနှင့်တွေ့ဆုံစဉ်ယင်း သို့ပြောကြား
ခဲ့ခြင်းဖြစ်သည်။

““ရှေ့လာမယ့် အနာဂတ် ကောင်းအောင်လုပ်တဲ့အခါမှာ သတင်းသမားတွေကို ထိခြင်းဟာ ကျွန်တော်တို့ကို ထိသလိုခံစားရ တယ်””ဟု မင်းကိုနိုင်ကဆိုသည်။

မြန်မာနိုင်ငံတွင် သတင်း လွတ်လပ်ခွင့်ပေးလာသည်နှင့်အမျှ သတင်းသမား
များကိုခြိမ်းခြောက် ခြင်းများ၊ ကန့်သတ်ခြင်းများ အား ပြင်းလာကြောင်း ကိုမင်းကိုနိုင်က ဆက်လက်ပြောသည်။

““၂၀၁၂ခုနှစ်မှာရရှိတဲ့သတင်း သမားတွေရဲ့ သတင်းလွတ်လပ် ခွင့်က ခြိမ်းခြောက်ခံလာရတယ်။ ကန့်သတ်တာတွေကို မြင်လာတယ်။ နောက်တစ်ခါမြန်မာနိုင်ငံ ရဲ့ အချိုးအကွေ့က မကြာခင် လာတော့မယ်””ဟု ကိုမင်းကိုနိုင် ကထပ်လောင်းပြောဆိုသည်။



Credit To  ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...