home

Thursday, July 17, 2014

ရန်ကုန်မြို့တွင်း ရေကြီးရေလျှံပြဿနာအတွက် စီမံကိန်းချ ဖြေရှင်းဆောင်ရွက်တော့မည်ဟုဆို

Yangon-development



ဇွန်လ ၁၂ ရက်က ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် မြောင်းရေလျှံမှုကြောင့် လမ်းပေါ်တွင် ရေကြီးနေသည်ကို တွေ့ရစဉ်။
စည်ပင်အနေနှင့် ရေလျှံမှုများကို ယနေ့ထိ ထိရောက်စွာ မဖြေရှင်းနိုင်သေးပေ။ ဓာတ်ပုံ-ဟိန်းထက်

ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ရန်ကုန်မြို့တွင်း ရေလျှံမှု အများဆုံး ဖြစ်ပေါ်နေသော နေရာတို့တွင် စီမံကိန်းများပြုလုပ်၍ ဆောင်ရွက်သွားတော့မည်ဟု ရေကြီးရေလျှံမှု မဖြစ်စေရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲသူဝင်းက မဇ္ဈိမကို ပြောသည်။


“မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း မြို့တွင်းရဲ့ ကတ္တရာလမ်းတွေကို ရေမလျှံအောင် မြို့တွင်းမှာ လုပ်ဆောင်ဖို့ လုပ်ထားပါတယ်။ ကျွန်တော်တို့ ကော်မတီကလည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်တဲ့ အဓိကအရင်းအမြစ်နေရာတွေကို ဆောက်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။
ရေကြီးရေလျှံမှု မဖြစ်ရန် ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်းကြားရှိ ဒဂုံအရှေ့၊ မြောက်၊တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တို့တွင် ရေမတက်စေရန် ငမိုးရိပ်ချောင်းတွင်းရှိ နုန်းများကို ဆယ်ယူခြင်း၊ ရေထွက်ပေါက်များကို ရေတံခါးများပြုလုပ်ခြင်းနှင့် ရပ်ကွက်များမှ ရေမြောင်းများကို တူးဖော်နေသည်ဟုလည်း ဆိုသည်။
အဆိုပါ လေးမြို့နယ်ပြီးပါက ရန်ကုန် မြို့တွင်း၊လှိုင်မြစ်နှင့် ပဲခူးမြစ်ကြားရှိ မြို့နယ်များကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ တစ်ခုလုံး၏ ရေကြီးမှုသည် ရန်ကုန်မြို့တော်စည်ပင်သာယာ၏ တာဝန်သာဖြစ်သော်လည်း ရေကြီးရေလျှံမှုမှတစ်ဆင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်လာနိုင်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး သီးသန့်ရန်ပုံငွေ ၁၂ ဘီလီယံကို သုံးစွဲသွားမည်ဖြစ်သည်။
သို့သော်အဆိုပါအစီအစဉ်ကို စည်ပင်သာယာရေးကော်မတီက အဓိကတာဝန်ယူထားခြင်းကြောင့် စီမံကိန်း စမည့်ရက်ကိုမူ မသိသေးဟု ဦးရဲသူဝင်းက ဆိုသည်။

Credit To မဇ္ဈိမDaily

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...