home

Tuesday, July 22, 2014

လက်ပြတ်သွားသည့်အလုပ်သမား၂ဦး နစ်နာကြေး ဘတ်ငါးသိန်းကျော်ရရှိ



၂၀၁၄ ဇူလိုင်လ ၂၂ဘန်ကောက်မြို့ပချာအူထစ် ၇၅ လမ်းတွင်ရှိသော METTIC မော်တော် ဆိုင်ကယ်နှင့် ကား အပိုပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံတွင် မတော်တဆ လက်သုံးချောင်း ပြတ်ခဲ့ရ
သည့် မြန်မာအလုပ်သမားတစ်ဦး ယမန်နေ့က နစ်နာ ကြေးဘတ်နှစ်သိန်းကျော်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိ ရသည်။





၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅နာရီခန့်က လက် သုံးချောင်းပြတ်သွားခဲ့သည့် ပဲခူးမြို့ ကြေးနီးကန် ရပ်ကွက်မှ အသက် ၂၃ နှစ်အရွယ် မောင်ဝဏ္ဏအားအလုပ်ရုံက ဆေးဝါးကုသပေးခဲ့သော်
လည်း နစ်နာကြေးတစ်စုံတစ်ရာ မရရှိသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူ ညီတောင်း ခံခဲ့သည်။

 MAT အဖွဲ့က ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED အဖွဲ့ မှ ရှေ့နေဖြင့် ညှိနှိုင်၍ တစ်နှစ်ကြာ အမှု ရင်ဆိုင်ခဲ့ ရသည်။

မောင်ဝဏ္ဏ က“ တစ်လုံးတစ်ခဲတည်း ဘတ်ငွေ ၂၄၅,၃၆၀ ရရှိပါတယ်။ ငွေရပြီးချင်း မနေ့က မိဘဆီပို့လိုက်ပါပြီ။ ကျနော်လည်း ဒီလကုန် တာနဲ့ ပြန်တော့မယ်။

တစ်ပြားမှ မရပဲ ကိုယ်လက်အင်္ဂါချို့ယွင်းသွားရတဲ့ အလုပ်သမားတစ်ယောက်အတွက် သင့်တော်တဲ့ နစ်နာကြေးရအောင် အကူညီပေးခဲ့ကြတဲ့ ထိုင်းတောင်ပိုင်းက FED နဲ့ ဘန်ကောက်က MAT အဖွဲ့တို့ကို ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်” ဟု လှိုက်လှဲစွာ ပြောဆိုသွားသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းနိုင်ငံမှာ အသက်သေသွားကြတဲ့ မြန်မာတဲ့ မြန်မာအလုပ်သမားတွေ လက် ပြတ်ခြေပြတ်ဖြစ်ပြီး ဒုက္ခိတဘ၀ နဲ့ ပြန်သွားရတဲ့မြန်မာအလုပ် သမားတွေ အများကြီးရှိခဲ့ကြပါ တယ်။ ကျနော်တို့ဆီကို အကူညီတောင်းခံလာ ကြတိုင်းအလုပ်သမား တိုင်း နစ်နာကြေးရရှိကြပါတယ်။

 မနေ့ကတစ်နေ့တည်းမှာပဲ အယင်နှစ် က လက်ပြတ်သွားခဲ့တဲ့ ရန်ကုန်က ကိုကျော်ဝင်းသိန်း ကိစ္စပထမအရစ် ဘတ်နှစ်သိန်းရပြီးတော့ ပြန်သွားခဲ့ပြီ။ နောက်ကျန်တဲ့ ဘတ်နှစ်သိန်း သုံးသောင်းကို မပေးဘူးဆိုပြီး သူဌေးက ငြင်းနေလို့ အယူခံပြန်ဝင်ရ တာ တစ်နှစ်ကြာသွားတယ်။

 ခုမှ ပေးမယ်ဆိုပြီး တရားရုံးက ပြန်ဆုံး ဖြတ်တာ။ FED အဖွဲ့က ရှေ့နေ ကျနော်တို့ ဆီမှာရှိနေလို့ပေါ့ မဟုတ် ရင် ဒီနစ်နာကြေးတွေ မရနိုင်ဘူး” ဟုပြောသည်။

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FEDက၊ ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့MAT သို့ အလုပ်သမားအရေးနှင့် လူ့အခွင့်အရေး အထူးကျွမ်းကျင် သည့် ရှေ့နေအဖွဲ့တစ်ခုအား သုံးနှစ်စာအတွက် ငှါးရမ်းကူညီပေးထား သည်။

သို့ဖြစ်၍ MAT ရုံးတွင်အလုပ်သမားများအခွင့်အရေးဆုံးရှုံးခံရမှု၊ လုပ်အားခဆုံးရှုံးမှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု၊ မတော်တဆသေ ဆုံးမှု၊ (ပတ်စပို့၊ စာရွက်စာတမ်းသိမ်းဆည်းထားမှု) အဓမ္မပြုကျင့် ခံရမှု များနှင့်လူကုန်ကူးမှု ပြဿဿသ နာများအား နေ့စဉ်ကိုင်တွယ်ဖြေရှင်းနေကြရ ကြောင်း MAT ရုံးတာဝန်ခံ ဦးစိုင်းအေး က ပြောသည်။
-----------------------------------------------------------------------

(မေတ္တာရပ်ခံချက် http://www.goldenworkers.asia/2013/09/blog-post_6.html ကိုကျော်ဝင်းသိန်း သည် ရန်ကုန်သို့ ပြန်သွားခါစ ၂၀၁၃ နှစ်ကုန်ပိုင်းက MAT သို့ တစ်လတစ်ကြိမ်ခန့် ဖုန်းဆက်ခဲ့သော် လည်း ယခုအခါ အဆက်အသွယ် ပြတ်သွားခဲ့ပြီးဖြစ်ပါသည်။

၎င်းသည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့မှဖြစ်ပါသည်။ ဓါတ်ပုံပါ ကိုကျော်ဝင်းသိန်း အား သိရှိ/ တွေ့ရှိပါက ငွေကြေးလက်ခံရယူနိုင်ရန်အတွက် ဘန်ကောက် MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်း 084 670 5727 ဖုန်းသို့ ဆက်သွယ်ရန် အသိပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

 Credit To ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...