home

Friday, December 12, 2014

ဖုန်းနဲ့ wifi hackမယ်(Wifi Master apk V-0.8.32)

ဖုန်းထဲကပဲ ကိုယ်မသိတဲ့ wifi ကိုခိုးသုံးချင်ပါတယ်ဆိုသူတွေအတွက်ပါ..
တကယ်တော့ ဒါလေးကကြာပါပြီ... ( WIFI MASTER ) ပါ...
ကြိုပြောထားမယ်နော်မရရင်တော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဗျာ..
ဘာလို့ လဲဆိုတော့ သူငယ်ချင်းတွေကို စမ်းခိုင်းတဲ့အခါ ရတဲ့သူရပေမယ့်
မရတဲ့သူတော့မရဘူးဗျ....ကျွန်တော်တော့ စမ်းလေသမျှ သုံးခုတိတိရခဲ့
ပါတယ်....ဒါကြောင့် တော်ယုံ wifi ဆိုရင်တော့ ဒီကောင်လေးနဲ့ စမ်း
ကြည့်စေချင်ပါတယ်.....သုံးဘူးသူတွေလည်းရှိနေမှာပါ....
wifi တစ်ခုကို စချိတ်တဲ့ အချိန်ကလည်း မကြာပါဘူး သုံးမိနစ်ခန့် ပါပဲ..
ပထမဆုံး ကိုယ့်ဖုန်းမှာလည်း data နဲ့  internet ချိတ်ဖို့  အဆင်သင့်ရှိနေရပါမယ်...
- မကြာပါဘူး ခဏပါပဲ
-  noti က အတောင်ပံလေး အပြာရောင်ပြောင်းပြိး ပေါ်လာရင်တော့ ၀မ်းသာရပြီပေါ့ဗျာ..
pass ကတော့ wifi recovery နဲ့ ပဲ ကျနော်ပြန်ကြည့်ပါတယ်.....မရတော့လည်းအရင်း ရတော့လည်းအမြတ်
ပေါ့ဗျာ.....ဘာပဲဖြစ်ဖြစ် စမ်းသပ်ရတာ အရသာတမျိုးပေါ့....ကျန်တာတွေကတော့ ဥာဏ်ရှိသလိုဆက်သုံးနိုင်
ပါတယ်...ဖုန်းမှာ ROOT လိုပြီး apk ကတော 5.9Mb ပါပဲ...zip ဖိုင်လေးနဲ့ တင်ပေးထားပါတယ်...
-  ဒေါင်းလို့ ရလာတဲ့ Wifi Master ကို install လုပ်ပြီး ဖွင့်လိုက်ပါ..
-  ပေါ်လာတဲ့ wifi တွေထဲက ကိုယ်ချိတ်မယ့် wifi ကို Auto-connect နိုပ်ပေးပါ...
-  ရိုးရိုး Data internet ချိတ်ခိုင်းရင် YES နိုပ်လိုက်ပါ  ခဏပဲ ချိတ်ပါလိမ့်မယ်..
Name       -      Wifi Master
Version     -     0.8.32
Size          -     5.9Mb
Format      -    apk
Android     -    2.2  and above  

                                               



Credit To နည်းပညာ(သော်ဇင်)

Thursday, November 20, 2014

အစိုးရနှင့် ကျောင်းသားများကြား ပညာရေး ဥပဒေအတွက် တင်းမာမှု ဖြစ်ပေါ်နေ


 ကျောင်းသား , အမျိုးသား ပညာရေး ဥပဒေ , အစိုးရ
အမျိုးသား ပညာရေးဥပဒေအား သပိတ်မှောက် ဆန္ဒပြသည့်အနေဖြင့် ချီတက် လမ်းလျှောက်လာသော ကျောင်းသား ကျောင်းသူများကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)


ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားများက လက်မခံဘဲ ကန့်ကွက် သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အစိုးရနှင့် ကျောင်းသားများကြား တင်းမာမှုများဆက်လက် ဖြစ်ပေါ်နေ သည်။
အမျိုးသား ပညာရေး ဥပဒေအား ဆန့်ကျင် ကန့်ကွက်ရန် ဖွဲ့စည်းထားသည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီနှင့် အစိုးရဘက်မှ ဖွဲ့စည်းထားသည့် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီတို့ကြား တင်းမာမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။
တင်းမာမှု ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ အမျိုးသား ပညာရေး ဥပဒေကို နိုဝင်ဘာလ ၁၆ ရက်က ကျောင်းသားများ ရန်ကုန်မြို့ ကြေးသွန်း ဘုရားရှေ့တွင် ဆန္ဒပြနေစဉ် ပညာရေး ၀န်ကြီးဌာနက လာရောက် ညှိနှိုင်းရာ တာဝန်အရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ

အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် မြင့်မားလာသော နိုင်ငံစာရင်းတွင် မြန်မာပါဝင်

ကိုးလ်ကတ္တားရှိ ဗန့်စ်ဟောလ်တရားရုံးသို့ ရုံးထုတ်လာသည့် မြန်မာနိုင်ငံသား တရားခံ ခါလစ်မိုဟာမက်ကို အိန္ဒိယအမျိုးသားထောက်လှမ်းရေးအေဂျင်စီ အရာရှိများ၊ အနောက်ဘန်ဂေါပြည်နယ်ရဲများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ပါကစ္စတန် တာလီဘန်အဖွဲ့ TTP က ဖောက်ခွဲရေး ကျွမ်းကျင်သူအဖြစ် လေ့ကျင့်ပေးထားသော ခါလစ်ကို ဘာ့ဒ်ဝမ်မြို့တွင် အောက်တိုဘာ ၂ ရက်ကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ RSO မှ အဖွဲ့ဝင်တစ်ဦးအဖြစ် စွပ်စွဲထားသည်။ ဓာတ်ပုံ − အေအက်ဖ်ပီ
အကြမ်းဖက်တိုက် ခိုက်မှုများ ဖြစ်ပွားနိုင်သည့် အန္တ ရာယ် ပိုမြင့်လာသော နိုင်ငံများ အဖြစ် ကမ္ဘာတစ်ဝန်း သတ်မှတ် ထားသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံ တွင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့ ပါဝင်ကြောင်း မကြာသေးမီက ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှု ညွှန်းကိန်း (GTI) အ စီရင်ခံစာအရ သိရသည်။

ဖာသာ ကံကောင်းလို့....

လူငယ်တစ်ယောက် ခရစ်ယာန်ဘုန်းကြီးထံရောက်လာပြီးပြောသည်။“ဖာသာ၊ ကျွန်တော်အပြစ်လုပ်မိပါတယ်ခင်ဗျာ"“အဲဒါဆို ကိုယ့်အမှားကို ဝန်ခံလိုက်ပါ ဖာသာ”“တလလောက်က သူငယ်ချင်းရဲ့အမ်ကို ကျွန်တော် အလည်သွားပါတယ်။ အိမ်မှာ သူငယ်ချင်းမရှိပါဘူး။ သူ့ရဲ့ဇနီးပဲ ရှိနေပါတယ်။ သူမကျွန်တော်ကို ကော်ဖီဖော်တိုက်ပါတယ်။ အဲဒီအချိန်မှာ မိုးရွာလာပါတယ်။ ကျွန်တော်မှာ ထီးမပါလာဘူး။ နောက်ကျနေပြီဖြစ်လို့ ဒီမှာပဲအိပ်လိုက်ပါလို့ သူမပြောပါတယ်။ ကျွန်တော် သူငယ်ချင်းရဲ့ ဇနီးနဲ့ ပြစ်မှားမိပါတယ်ခင်ဗျာ

”“အေး၊ ဒါဟာ တကယ့်အပြစ်ပေပဲ။ ဒါပေမယ့် ငါ့သားကို ဖာသာခွင့်လွှတ်ပါတယ်”“

ဆရာ စံ-ဇာဏီဘိုရဲ့ အချစ်ဗေဒင် PDF

နည်းပညာနဲ့မသက်ဆိုင်တဲ့ အချစ်ဗေဒင်လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အခုအချစ်ဗေဒင်လေးကို ဆရာ စံ-ဇာဏီဘို ကဟောထားတာဖြစ်ပါတယ်ဗျာ။ အချစ်ဗေဒင်ဆိုတော့ အခုခေတ်ညီမငယ်လေးများက ပိုပြီးသဘောကျကြမှာပါ။ File Size ကလည်း 718KB သေးသေးလေးပဲရှိပါတယ်။ PDF ဆိုတော့ဖုန်းထဲမှာ လည်းအလွယ်တကူဖတ်လို့ရတာပေါ့ဗျာ။ စာမျက်နှာပေါင်းတစ်ရာကျော်ပါဝင်ပါတယ်။ ဆရာကအသေးစိတ် ကိုဟောထားပေးတာပါ။ နောက်ပြီး ဗေဒင်တွက်တာဝါသနာပါသူတွေအတွက်လည်း ကိုယ်တိုင်တွက်နိုင်ဖို့ အတွက် အသေးစိတ်ရှင်းပြသင်ကြားပေးထားပါတယ်ဗျာ။ ဒါကိုဖတ်ပြီး ကိုယ့်ရဲ့ဖူးစာရှင်ဘယ်လိုလည်း ဘယ်သူလည်း ဆိုတာကိုယ်တိုင်တွက်နိုင်တာပေါ့။ ကဲဗျာကျွန်တော်လည်းကြားထဲကနေ ရှည်မနေတော့ ပါဘူး အောက်က Link မှာသာဒေါင်းယူသွားကြပါဗျာ။


Friday, November 7, 2014

Internet Download Manager (IDM) 6.21 Build 15 Full Version (Nov,07,2014)

ဒီနေ့ထွက်တဲ့ နောက်ဆုံး Update IDM ပါ.... 
 
လိုအပ်သူများအတွက် Patch ဖိုင်လ်နဲ့အတူ တင်ပေးလိုက်ပါတယ်.... 
 
 
 
 

Download Internet Download Manager 6.21 Build 15 Full Version (Nov,07,2014)


Credit To winkabarkyaw

Xiaomi စမတ်ဖုန်း ဈေးကွက်ရှယ်ယာ မြင့်တက်လာရခြင်း၏ အကြောင်းအရင်း (၅) ချက်



 Xiaomi
ကို အာရှနိုင်ငံများမှ လွဲ၍ လူသိများ ထင်ရှားခြင်း မရှိသေးသော်လည်း
Strategy Analytics မှ ဖော်ပြခဲ့သည့် အစီရင်ခံစာအရ အဆိုပါ ဘေကျင်း
အခြေစိုက် ကုမ္ပဏီသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Samsung, Apple, Huawei, Lenovo တို့၏နောက် ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိသည်။


Xiaomi ၏ စမတ်ဖုန်း ဒီဇိုင်းသည် iPhone ဒီဇိုင်းနှင့် ဆင်တူသော်လည်း
ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်များကို ငြင်းဆိုထားပြီး ကုမ္ပဏီ၏
ထုတ်ကုန်များတွင် ကိုယ်ပိုင်ဟန်အချို့ ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။
Apple ထုတ်ကုန်များနှင့် ဆင်တူသော ဒီဇိုင်းများမှာ Mi Pad tablet နှင့်
Xiaomi Mi 4 ဖုန်းတို့ဖြစ်သည်။

Xaiomi ၏ ထုတ်ကုန်အချို့သည် Apple ၏
ဒီဇိုင်းနှင့် ဆင်တူသောကြောင့် ငြင်းခုံမှုများ ဖြစ်ပွားနေသော်လည်း ကုမ္ပဏီ

Sunday, August 10, 2014

မြန်မာကြုံနေရတဲ့ စိန်ခေါ်မှုတွေ ဝန်ကြီး Kerry ဆွေးနွေးနိုင်ခဲ့


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်စကားပြောကြားစဉ်။ (သြဂုတ် ၁၀၊ ၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်စကားပြောကြားစဉ်။ (သြဂုတ် ၁၀၊ ၁၄)
မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေပြီး အချိန်ယူဖြေရှင်းရမယ့် စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန်နိုင်ငံခြားရေ၀န်ကြီး John Kerry ကပြောလိုက်ပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေတာတွေကို မြန်မာအစိုးရက လိုက်လုပ်ပေးဖို့မဟုတ်ဘဲ မြန်မာပြည်သူတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

နွားထိုးကြီးမြို့နယ် ရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် သဲချက်ကျေးရွာက ရွာသား ၆၀လောက်ဟာ ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးကောက်ခံထားတဲ့ ငွေကြေးစာရင်းနဲ့ ကုန်ကျစရိတ် စာရင်းကို ရှင်းပြပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူ သဲချက်ကျေးရွာသား ကိုမိုးခိုင်က အခုလိုပြောပါတယ်။
"ရည်ရွယ်ချက်ကတော့ သဲချက်ကျေးရွာအုပ်စုရဲု့ ဖိနှိပ်ခံ ကျေးရွာသားများရဲ့ ဖိနှိပ်ခံရတဲ့အတွက်ပေါ့၊ ကျနော်တို့ လူထုရဲ့ဆန္ဒကို ထုတ်ဖော်တယ်ဆိုပြီးတော့  ရည်ရွယ်ပြီးတော့ အဲ့လိုပြောပြီးတော့ အဲ့လိုပြေတယ်ပေါ့၊ တစ်ဦးကို လေးသိန်းနှစ်သောင်းနဲ့ ကောက်လိုက်တာပေါ့ဗျာ၊ သိန်းတစ်ထောင့်လေးရာကျော် တစ်ထောင့်ငါးရာလောက်ရတယ်ပေါ့ဗျာ၊ အဲ့ဒီစာရင်းဇယာတွေကို ကျနော်တို့က ရှင်းခိုင်းတော့ လူထုက ရှင်းခိုင်းတော့ ပထမစာရင်းများထွက်လာတာပေါ့ဗျာ၊ စာရင်းများ မကျေနပ်တော့ ကျနော်တို့ ထပ်တိုင်တာပေါ့ဗျာ၊ မြို့နယ်ကနေပြီးတော့ ထပ်ရှင်းခိုင်းတော့ မြို့နယ်ရောက်ပြန်ရောက်တော့ မြို့နယ်လည်း သေချာရှင်းမပေးဘူးဗျ၊ မြို့နယ်ကလည်း တာဝန်ယူပြီးတော့ သေချာရှင်းပေးဘူး၊ ဟိုလူတွေနဲ့လည်း မရှင်းမပေးဘူးဆိုတော့ ကျနော်တို့က မခံမရပ်နိုင်ဆိုပြီးတော့ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် တာဝန်ရှိတဲ့ လူကရှင်းပေးဖို့ ဆန္ဒပြတာပါ"

တောင်သူလယ်သမားများ ပိုးမွှား အန္တရာယ်မှ ကာကွယ်နိုင်မည့် ဆောဖ့်ဝဲလ်သစ် တစ်ခု မြန်မာပညာရှင်တီထွင်


လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သော မြန်မာနိုင်ငံတွင် တောင်သူ ဦးကြီးများအား အန္တရာယ်ပေးနေသော ပိုးမွှားများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် အထောက်အကူဖြစ်စေမည့် မိုဘိုင်း APK တစ်ခုကို တီထွင်လိုက်ပြီ ဖြစ်ကြောင်း Code for Change Myanmar ၏ ဆောဖ့်ဝဲလ် ရေးဆွဲ ပြိုင်ပွဲတွင် ပထမဆုရ ကိုအာကာမင်းအောင် က ပြောသည်။ ယင်းဆောဖ့်ဝဲလ်ကို မတ်လ အတွင်းက ကျင်းပသော Code for Change Myanmar ၏ဆောဖ့်ဝဲလ် ရေးဆွဲပြိုင်ပွဲတွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

၆၇ နှစ်မြောက် မွန် တော်လှန်ရေးနေ့ ကျင်းပ


မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် အခမ်းအနား ။ ဓါတ်ပုံ - (Facebook)

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၆၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချူပ်ရှိရာ ရေချောင်းဖျား အပါအဝင် နေရာ ၅ နေရာမှာ မနေ့က ကျင်းပခဲ့ကြ ပါတယ်။

ဘုရားသုံးဆူမြို့နယ် ဗလယ်ဒွန်းဖိုက်ကျေးရွာမှာကျင်းပခဲ့တဲ့ အခမ်းအနားကို မနေ့မနက်ပိုင်းက စစ်ရေးပြ အခမ်းအနားနဲ့အတူ ကျင်းပခဲ့ပါတယ်။

ရေဘေးကြုံနေသည့် ဒေသလေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်


ရေဘေးကြုံတွေ့နေရ သည့် ပဲခူးတိုင်းဒေသကြီး အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် နေရာကွက်၍မိုးကြီး နိုင်ပြီး သံလွင်မြစ်ရေသည်လည်း သြဂုတ်လ ၁၀ရက်မှ စတင်ကာ စိုး ရိမ်ရေမှတ်အထက်သို့ရောက်ရှိ နေကြောင်း မိုး/ဇလဌာနကသ တင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်မြို့နယ်အချို့တွင် ရေဘေးအန္တ ရာယ်အဆိုးရွားဆုံးရင်ဆိုင်နေရ ကာ အဆိုပါဒေသနှစ်ခုတွင်လူဦး ရေသုံးသောင်းနီးပါးကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံနေရပြီး လူသေဆုံးမှုအချို့လည်း ရှိနေ သည်။ လယ်ဧကများစွာ ရေနစ် မြုပ်နေပြီးအစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများက ကယ်ဆယ် ရေးလုပ်ငန်းများလုပ်ဆောင်နေရ သည်။

ကျန်းမာရေးဝန်ကြီးဌာန အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်


 အီဘိုလာဗိုင်းရပ်စပ် ရောဂါသည် ကူးစက်မြန် ရောဂါ တစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့် အပြင် ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ရန် အလွန်ခက်ခဲသော ရောဂါ ဖြစ်သည်။

 ယခုအခါ အာဖရိက အနောက်ပိုင်းဒေသရှိ Guinea, Liberia, Nigeria& Sierra Leone နိုင်ငံတို့တွင် ရောဂါကူးစက် ဖြစ်ပွားနေပြီး ၂၀၁၄ ခုနှစ် မတ်လမှ ၁-၈-၂၀၁၄ ရက်အထိ အီဘိုလာ ဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးတို့ရှိခဲ့ပါသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သောနည်းများ

Thursday, July 31, 2014

လေလှိုင်းရုပ်သံပုံရိပ်ကတဆင့် မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ တရုတ်မင်္ဂလာမောင်နှံ


ကမ္ဘာတစ်လွှားနေရာတော်တော်များများမှာ လက်ထက်ထိမ်းမြားခြင်း၊ မင်္ဂလာဆောင် ခြင်းကို ထူးထူးဆန်းဆန်းအကြောင်းအရာတွေဖြစ်အောင် ဖန်တီးပြီးပြုလုပ်ကြတာကို အမြဲလိုလို မြင်နေတွေ့နေရပါတယ်။ အခုလည်း တကယ့်ကို နှလုံးသွေးတွေအေးစက် သွားလောက်အောင် ရင်သပ်ရှုမောဖွယ်ခံစားသွားစေခဲ့တဲ့မင်္ဂလာဆောင်တစ်ခုကိုတရုတ်နိုင်ငံပြည်နယ်တစ်ခုမှာ
 ပြုလုပ်သွားခဲ့ပါတယ်။

ရှင်ဂျန်းပြည်နယ် နယ်ခြားစောင့်တပ် အရာရှိတပ်မှူးကြီးဖြစ်တဲ့ လီအန်တီအိုက သူ့ရဲ့ ချစ်သူဇနီးလောင်း ယန်နဲ့ မင်္ဂလာဆောင်ရက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့သတ် မှတ်ထားခဲ့တာဖြစ်ကာ အဲ့ဒီနေ့မှာ သူက စစ်မြေပြင်မှာ အရေးတကြီး တာဝန်ကျနေတဲ့ အတွက် ပြန်လာဖို့ရာအဆင်မပြေခဲ့ပါချေ။ သို့သော်လည်းပဲ စစ်တပ်တပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေရဲ့အကူအညီနဲ့ အဲ့ဒီနေ့မှာပဲ စစ်မြေပြင်ကနေပြီးတော့ မင်္ဂလာဆောင်နိုင် ခဲ့ပါတယ်။

ဘာမှမလိုပါဘူးကွယ်....












နေပြည်တော်တွင်ကျင်းပသော စီးပွားရေးဖိုရမ်တခုတွင်
အမေရိကန်၊နိုင်ဂျီးရီးယား၊တရုတ်နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ
စကားစမြည်ပြောဆိုရာမှ အကြီးအကျယ်ငြင်းခုံလာကြသည်။နောက်ဆုံးတွင်
သည်းမခံနိုင်တော့သော တရုတ်လူမျိုးစီးပွားရေးရှင်က ဗြန်းခနဲခုံကို
ရိုက်လိုက်ပြီး

“ကြိုက်သလိုငြင်း.ကျုပ်တို့တိုင်းပြည်က အတိုးတက်ဆုံးနဲ့
ပွင့်လင်းမြင်သာမှုအရှိဆုံးပဲ။ဥပမာ ခင်ဗျားဒီနေ့
ရွေးကောက်ပွဲကိုမဲပေးလိုက်.နက်ဖြန်ဆို ဘယ်သူနိုင်လဲ တန်းသိရတယ်”

အတိုးပေးစားတဲ့သူကို လူမြင်ကွင်းမှာ သတ်ပစ်ခဲ့ပြီး အေးဆေးစွာ ဆေးလိပ်သောက်ပြနေတဲ့ တရုတ်လောင်းကစားသမား



လူ့အသက်ကတကယ်ကို တိုတောင်းလွန်းပါတယ်။ အခုမြင် အခုပျောက်၊ အခု စားနေ၊ သွားနေတာ အခုပဲ သေသွားသတဲ့။ ဒီလိုအဖြစ် မျိုးတွေရှိပါတယ်။ သာမန်ရိုးကျသေဆုံး သွားတာဖြစ်ဖြစ်၊ မတော်တဆမှုကြောင့် သေဆုံးသွားတာမျိုးဖြစ်ဖြစ်နဲ့အကြောင်း တွေထဲကမှ အခြားလူတစ်ဦးကသတ်လို့သေသွားတာကတော့ အဆိုးဆုံးဖြစ်ရပ်လို့ပဲ ဆိုချင်ပါတယ်။

သတ်တဲ့သူကော အသတ်ခံရတဲ့သူကောမတွေးဝင့်စရာပါပဲ။လူတစ် ယောက်ကို သတ်ဖို့ဆိုတာက တော်ရုံသတ္တိနဲ့မဟုတ်လို့ လွယ်လည်းမလွယ်ကူပါဘူး။

ရန်ကင်းကလေးဆေးရုံက ဆရာဝန်များကြောင့် လူနာရှင်မိသားစုတစ်စု ငိုပွဲဆင်ခဲ့ရ


ေ ဘးက အမကြီးက ပြောနေတာ။ သူ့ တူလေး နေမ ကောင်းတာ တော်တော်ဆိုးဆိုးရွားရွား
သူငယ် နာလဲ ရှိတယ် တဲ့။ နောက်ဆုံး ဆေးရုံမှာ သေလဲ သေပါ စေ တော့ဆိုပြီး
က လေးဆေးရုံကို ပို့ လိုက် ကြတယ် တဲ့။ အဲဒိ ညဘက် မှာ ဆရာဝန် တွေက ချက်ချင်းဘဲ
လိုအပ်တာတွေ အကုန် လုပ်ပေး နှာ ခေါင်း ရော - လက် ရော - ခြေ ထောက်တွေမှာပါ
အပ်တွေ ဗရပွ ။။

Ooredoo SIM ကဒ် မြန်မာနိုင်ငံမှာ စတင်ရောင်းချ


 
Photot Credit to Ooredoo Myanmar FB

                                                             Ooredoo Myanmar FBမြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ  ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတာကြောင့် ရန်ကုန် နဲ့ မန္တလေးမြို့မှာ ဒီကနေ့ ပြည်သူ အများအပြား ၀ယ်ယူခဲ့ကြတာပါ။ တရားဝင်ရောင်းချရမယ့် ရက်ဟာ သြဂုတ်လအတွင်းဖြစ်ပေမဲ့ ဇူလိုင်လ ၃၀ နဲ့ ၃၁
ရက်တွေမှာ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ ကိုယ်စားလှယ် ဆိုင်တွေက
စတင်ရောင်းချပေးနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်ကပြောပြမှာပါ။

အဆင့်မြင့်(professional) သူတောင်းစား ( ဖတ်ကြည့်စေချင်ပါတယ်...)

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက်
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့
အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့
စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။
".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော်
အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ
ကျွန်တော်သိတယ်..............."


ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."

Tuesday, July 29, 2014

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၁၇/ ၂၀၁၄)
၁၃၇၆ ခုနှစ်၊ ၀ါခေါင်လဆန်း ၃ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ပြည်ထာင်စု ၀န်ကြီးများအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-

(၁) ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီးဌာန

(၂) ဒေါက်တာဖေသက်ခင် ကျန်းမာရေးဝန်ကြီးဌာန

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 
Credit To ဖိုးသူတော်

သမီးကိုရိုက်ပြီး Facebook ပေါ် တင်ခိုင်းရတယ်ဆိုတဲ့ ဦးလှဆွေရဲ့ Facebook သုံးရခြင်း ရည်ရွယ်ချက်


 လက်ရှိလွှတ်တော်ကိုယ်စားလှယ်များထဲတွင် ပြောဆိုထောက်ပြမှုများ၌ ပွင့်ပွင့်လင်းလင်း
ရှင်းရှင်းဘွင်းဘွင်းပြောတတ်သော ဦးလှဆွေကို သိကြမယ် ထင်ပါတယ်။ ဦးလှဆွေ ပြောလိုက်တဲ့ စကားတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ခွပ်ဒေါင်းမဟုတ်။

Angry Bird သာ ဖြစ်ကြောင်း ပြောဆိုမှု၊
သတင်းထောက်သာ မျိုးချစ်စိတ်ရှိလျှင် ငံပြာရည် စက်ရုံဟု ရေးသင့်ကြောင်း၊ NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူတွေက အသုံးမကျဘူးဟူ သော ဝေဖန်ချက်၊
 ရွေးကောက်ပွဲ မဲဆွယ်ကြရာတွင် NLD ပါတီသည် မိမိဓါတ်ပုံကို မိမိ ဖော်ပြ၍ သတ္တိရှိရှိ ယှဉ်ပြိုင်ရဲသူများ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဓါတ်ပုံများ ဖြင့် သာ စည်းရုံးနေကြကြောင်း ဝေဖန်ချက် ၊စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ၌ ကျဆုံး သွားသော တပ်မတော်သား များအတွက် ပေးသည့် ထောက်ပံ့ကြေးငွေသည် ဂျနီဗာလိုပက်၏ တင်ပါး တစ်ခြမ်း အာမခံ ထားရှိမှု မျှသာ ရှိကြောင်း ပြောဆိုချက်တို့သည် လူအများကြား အထူးထင်ရှားခဲ့သည်။

တည်းခိုခန်းမန်နေဂျာက တည်းခိုသူကို ဓားနဲ့ ထိုးသတ်ပြီး အင်းလျားကန်ထဲပစ်ချ



ကြည့်မြင်တိုင်မြို့နယ်ရှိ "စိတ်ကူးသစ်" တည်းခိုခန်းတွင် အခန်းတံခါးအားထု၍ အော်ဟစ်ဆူပူခဲ့သည့် တည်းခိုသူအမျိုးသားကို သွားရောက်တားမြစ်ခဲ့သည့် ယင်းတည်းခိုခန်းမန်နေဂျာမှ ဓားဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ ၀န်ထမ်းများနှင့်အတူ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက်ရှိ အင်းလျားကန်အတွင်း ပစ်ချအလောင်းဖျောက်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၀ ရက် ည ၈ နာရီခန့်က ကို...... (၂၆) နှစ်မှာ ၎င်းနေထိုင်ရာ လှိုင်မြို့နယ်၊ (၂)ရပ်ကွက်ရှိ နေအိမ်မှအပြင်သို့ခဏသွားမည်ဟုဆိုကာ ထွက်သွားခဲ့ပြီး ပြန်မလာဘဲ တစ်ရက်ခန့်ပျောက်ဆုံးနေစဉ် ၎င်း၏အစ်ကိုဖြစ်သူ ကိုရန်နောင်ကျော်ထံသို့ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ဇူလိုင် ၂၂ ရက်တွင် ဖုန်းဆက်ကာ "စိတ်ကူးသစ်" တည်းခိုခန်းသို့ လာရောက်ရန်အကြောင်းကြားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ညမထွက်ရအချိန် ထပ်မံဖြေလျော့



28jl1
မန္တလေးမြို့တွင် ည ၉နာရီမှ နံနက် ၃နာရီအတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်ထားရာ ဇူလိုင်လ ၂၈ရက်နေ့တွင် ညမထွက်ရအချိန်ကို ည၁ဝနာရီ နံနက် ၃ နာရီအဖြစ် ဖြေလျော့ပေးလိုက်ပြီဟု မန္တလေးမြို့ခရိုင်​အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တိုင်းဦးစီး ဦးဝင်း​ဇော်​နိုင်​ ပြောသည်။

အိမ် ၁၃၄ လုံး ပျက်စီးစေခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်သွား



၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်း လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်သစ်ညီ
၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်း လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်သစ်ညီ

အမည်မသိသော်လည်း အားကောင်းသည်ဟုဆိုနိုင်သည် လေဆင်နှာမောင်းတစ်ခု ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်တိုင်းရှိ မြို့နယ် ငါးခုသို့ ဖြတ်တိုက်သွားရာ အိမ်ခြေ ၁၃၄ လုံးပျက်စီးသွားသည်ဟု ရန်ကုန်တိုင်း၊ မီးသတ်ဦးစီးဌာနမှ မဇ္ဈိမကို ပြောဆိုလိုက်သည်။

လေဆင်နှာမောင်းမှာ ဇူလိုင်လ၂၈ ရက်၊ ည ၁၁ ခွဲခန့်တွင် ကွမ်းခြံကုန်းမြို့မှ စတင်တိုက်ခတ်လာပြီး ဇူလိုင် ၂၉ ရက်၊ မနက် ၆ နာရီခန့်တွင် ထောက်ကြံ့မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များသို့ တိုက်ခတ်သွားသည်။

သတင်းသမားတွေကိုထိခြင်းဟာ ကျွန်တော်တို့ကို ထိသလိုခံစားရတယ်ဟု ကိုမင်းကိုနိုင်ပြောပြီ



သတင်းမီဒီယာသမားများ ကို စစ်ကြောရေးစခန်းများသို့ ခေါ်ယူစစ်ဆေးခြင်းနှင့် တရားရုံး များတွင် ခေါ်ယူစစ်ဆေးကာ ထောင်ဒဏ်ချမှတ်ခြင်းသည်သတင်း သမားများကို ထိသကဲ့သို့ ၎င်းတို့ ကို ထိသလိုခံစားရကြောင်း ၈၈ မျိုးဆက်ငြိမ်း
ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောသည်။

ဇူလိုင်လ ၂၆ရက်ကသတင်း ထောက်များနှင့်တွေ့ဆုံစဉ်ယင်း သို့ပြောကြား
ခဲ့ခြင်းဖြစ်သည်။

မင်းညီမကိုမုဒိမ်းကျင့်ရင်.. သူ့ညီမကိုပြန်ကျင့်..

(အိန္ဒိယရွာလူကြီးများ၏ တရားစီရင်ပုံ )
အိန္ဒိယနိုင်ငံ Jharkhand ပြည်နယ် Bokaro ခရိုင်က အသက် ၁၄ အရွယ် မိန်းကလေးတစ်ဦးဟာ မုဒိမ်းကျင့်ခံခဲ့ရပါတယ်။

သူမရဲ့အစ်ကိုဖြစ်သူဟာ  မုဒိမ်းမှု ကျူးလွန်ခဲ့တာကြောင့် သူမကို ပြန်လည်မုဒိမ်းကျင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပြန်လည်လက်စားချေဖို့ panchayat ဆိုတဲ့ ရွာကောင်စီက ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။

မိနစ်၉၀၀ အခမဲ့ ပြောနိုင်ပြီး တစ်မိနစ်၂၅ ကျပ်နှုန်း ပေးရသည့် အော်ရီးဒူးဆင်းမ်ကတ် မန္တလေးမှာ ရောင်းပြီ

ဇူလိုင် ၂၉ ယနေ့နေ့လည် ၁၂ နာရီနောက်ပိုင်းမှ စတင်၍ အော်ရီးဒူး၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ၀ယ်ယူအသုံးပြု နိုင်ခဲ့သည်။

ရွှေအဆင့်ကိုယ်စားလှယ်အရောင်းဆိုင်တစ်ခုလျှင် ဆင်းမ်ကတ်ပေါင်း ၈၀၀ ခန့်ရောင်းချပေးခဲ့သည်ဟုသိရသည်။ အဆိုပါဆင်းမ်ကတ်များသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဆီသို့ ခေါ်ဆိုမည်ဆိုပါ တစ်မိနစ်လျှင် ၃၅ ကျပ်ကျသင့်ပြီး အချင်းအချင်းပြန်လည်ခေါ်ဆိုပါ ၂၅ ကျပ်ကျသင့်သည်ဟု သိရသည်။

မင်္ဂလာဒုံတွင် လေဆင်နှာမောင်း တိုက်ခတ်



ရန်ကုန်တိုင်း မင်္ဂလာဒုံမြို နယ် ဘောဂရပ်ကွက် ဇူလိုင် ၂၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၃၃ အိမ်၊ တဲအိမ် ၂၇ လုံး ပြိုကျ ပျက်စီးခဲ့ပြီး ပျဉ်ထောင်အိမ်တွေနဲ့ တိုက်အိမ် ၇ လုံးရဲ့ သွပ်မိုးတွေ လှန်ခဲ့ပါတယ်။ ဓာတ်တိုင် ၇ တိုင် လဲပြိုခဲ့လို့ အခု ပြန်လည် ထောင်ပြီး ဖြစ်ပါတယ်။

မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားတွေက အပျက်အစီးတွေကို လာရောက် ရှင်းလင်းပေးခဲ့ကြပါတယ်။

Credit To ဖိုးသူတော်

၁ မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောနိုင်မည့် မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု



၁ လအတွင်း ဖုန်းနံပါတ် ၃ ခု ကို ဖုန်းပြောခ ၁ မိနစ် ၂၅ ကျပ်နဲ့ ဆက်သွယ်နိုင် မယ့် ပရိုမိုးရှင်း ၀န်ဆောင်မှုတခုကို မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာ ပါတယ်

ADSLဒီ ပရိုမိုးရှင်း ၀န်ဆောင်မှု လိုချင်သူတွေဟာ ပုံမှန် ကိုယ်ဆက်သွယ်ပြော ဆိုလိုတဲ့ ဖုန်းနံပါတ် ၃ ခု မြန်မာ့ဆက် သွယ်ရေးက သတ်မှတ်တဲ့ နံပါတ်ဆီ မက်ဆေ့ခ်ျ ကြိုတင် ပေးပို့ ထားရမှာ ဖြစ်ပါတယ်။

ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး




နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။

Saturday, July 26, 2014

http://crackberry.com/sites/crackberry.com/files/styles/large/public/topic_images/2013/ANDROID.png?itok=xhm7jaxS


ယခုတင်ပြပေးထားသော အကြောင်းအရာများအားလုံးကို Ebook (PDF File) အနေဖြင့်သိမ်းဆည်းထားလိုပါ ကအောက်ဆုံးမှ Link မှာဒေါင်းယူထားနိုင်ပါတယ်ဗျာ။

Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware,
ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband
စသဖြင့် စာလုံး အထူး အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့် အနှစ်သာရ
မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ
အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား ရပါမယ်၊ ဒီပို့စ်မှာ အထက်က
စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊ တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက်
Open Source ဖြစ်တဲ့ Android က မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System တစ်ခုဖြစ်သွားတဲ့ အထိ
ပြုပြင်ယူလို့ရပါတယ်၊
Bootloader ဆိုတာဘာလဲ
Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ်လုပ်အောင် ခေါ်မယ်
ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့
ပထမဆုံး Partition မှာ တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point ပါပဲ၊
Bootloader ဘယ်လိုအလုပ်လုပ်တာလဲ
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ ပီးရင် Bootloader
လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO
တို့ပါဝင်တယ်၊ Bootloader အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment
ကို 0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ
အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad, console
တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux Kernel image ကို Memory ကနေ
ဝင်တင်မယ်၊
Botloader
ရွေးချယ်မ်မှူ
Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက်
မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့
အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader
version ကို Develop လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း
Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို
သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install
လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊
Kernel ဆိုတာဘာလဲ
Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's
QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊
ခု ပြောမှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊ Android
သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux Operation System က သုံးတဲ့
Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android Kernel မှာ Android အတွက် သီးသန့် Build-in code
တွေပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက် သုံးတဲ့ drivers တွေက
Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊
Kernel ရဲ့ အဓီက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့
ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊
Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို
တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက
ဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း
အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့်
အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel
ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hardware ကို
လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera)
ရိုက်တဲ့ခလုပ် မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က
Event တစ်ခုကိုနားထောင်လို့ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊
kernel ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware ကိုလှမ်းပို့မယ်၊ Camera
Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက Software က Input လုပ်လိုက်တာကို Kernel က
ယူပီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊
အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊
Kernel က ကြားခံ ပေးထားတဲ့အတွက် Application Developers တွေအနေနဲ့ Android System API's
တွေကနေ တစ်ဆင့် Kernel ဆီကို Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက်
အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့
Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာလို့ပါတယ်၊
CWM ဆိုတာဘာလဲ
CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ
Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊
CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root
access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း
အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android
အခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင်
အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပီး
ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်၍
မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင် ကျွန်တော်တို့ Factory Reset သုံးပီး Recover
လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ပဲ Stock
Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင်
အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း
Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း
resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊
ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို
Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို
ရှာတွေ့နိုင်ပါတယ်၊
Firmware နဲ့ ပက်သ်သက်သ်သမျှ
Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software program
ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်းအတွက်
Firmware Install လုပ်တယ်ဆိုရင်တော့ Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat
တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့
installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့
မဟုတ်ပါဘူး၊ တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင်
ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ
တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့
သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့က
ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့
အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal
flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့်
firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊
Flashing ဆိုတာဘာလဲ
Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊
Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့
ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့ Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှူကို ရရှိနိုင်ပါတယ်၊
Rooting ဆိုတာဘာလဲ
Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့်
အခွင့်အရေးရချင်လို့ Root access လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊
Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင်
Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure
Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration
Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android
System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင်
Arbitrary commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ
အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ
Rooting လုပ်တယ်လဲခေါ်ပါတယ်
ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software restrictions တွေပါလာပါတယ်၊
ဒီလို Software Restrictions တွေပါလာရတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့
သူတို့ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ ဘယ်လို
အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ
လိုအပ်တဲ့ ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး
ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို အကာ အစီးကို ကျော်ဖြတ်ပီး
စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက ကန့်သတ်ထားတဲ့
ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက် မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting
လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ
ရေးချင်တာရေးနိုင်သလို ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊
Rooting အကြောင်းကို အသေးစိတ် ရှင်းပြထားတာကို pdf ဖိုင်နဲ့ ရေးပေးထားတာ ရှိပါတယ်၊ အောက်က
လင့်မှာ ဒေါင်းလုပ်ရယူပါ၊
Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ
Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone
Operation System. Stock ROM မှာ Software Restriction တွေထည့်သွင်းထားတဲ့ အတွက်
စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS
Version တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device တစ်ခုလုံးကို
အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services တွေပါမယ်၊
တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction
တွေမပါခြင်းပါပဲ၊ ဒီတော့ Custom ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source
ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊
အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို
တည်ဆောက်ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM
လို့ခေါ်တာပါ၊
ADB ဆိုတာဘာလဲ
ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့
အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့ တံတားတစ်စင်းပါ၊ Android Phone က Linux Kernel
ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb
Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပီး
ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB
Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့
အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊
Baseband ဆိုတာဘာလဲ
Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့
ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ
Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version
တို့ ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ တတ်နိုင်ပါတယ်၊ ဒါကြောင့်
အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့
network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊
Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကိုသုံးပီး
Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့
ပြသနာမျိုး Android Device မှာ တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊
Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို ပိုမိုကောင်းမွန်လာ မှာ
ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ ရှော့ချပေးနိုင်ပါတယ်၊
ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets တွေကို
ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊
ကျေးဇူးးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး
brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး
ပြင်ပါ့မယ်၊
Credit To PyaePhyo         

တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များ


မြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်း လည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိသတ်ကို အားနာလာတော့ များသောအားဖြင့် ပုံသိပ်မထည့်ဘဲ စာတွေရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများ ပျော်ကြလေသည်ပေါ့။

Ooredoo Activation.apk

303eoad


အော်ရီဒူး SIM card activation လုပ်ရန်ပါတဲ့ခင်ဗျ....။

 လိုအပ်ပါက ...

             link:1               

             link:2        
https://my.pcloud.com/publink/show?code=XZIjV7ZUjgLLrr16vuN5179UrUfpbgyUIq7


Credit To Maungpauk.org

ဖုန်းထဲက App: တွေရဲ့ Icon ကိုလိုသလိုပြောင်းပေးနိုင်တဲ့ - Icon Changer free v3.1.2 Apk

.com/


Icon Changer ဆိုတာက ကျနော်မပြောခင်ထဲက User တွေသဘောပေါက် နေလောက်ပါပြီ။ Android Device တွေမှာ ရှိတဲ့ Icon တွေကို ကိုယ်ကြိုက်တဲ့ပုံပြောင်းလဲလို့ရတဲ့ Application လေးတစ်ခုဖြစ် ပါတယ်ဗျာ။ ဆိုလိုတာက Facebook App သွင်းထားတယ်ပေါ့ မိမိဖုန်းမှာ မူရင်း ပေးထားတဲ့ App icon အပြာလေးမကြိုက်ရင် … ကိုကြိုက်တဲ့ ပုံလေးနဲ့ Shortcut အစားထိုးပြောင်းလေးပဲတာပဲဖြစ်ပါတယ် .…

Friday, July 25, 2014

အခြေခံဥပဒေပြင်ဖို့ ထိပ်တန်း အမေရိကန် အထက်လွှတ်တော် အမတ် တောင်းဆို

mitch-mcconnell-305.jpg
                                                   အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် Mitch McConnell ပုံ

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ဖို့လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်အထက် လွှတ်တော်က ထင်ရှားတဲ့အမတ်တစ်ဦးဖြစ်သူ မစ်ခ်ျ မက်ကောနဲလ်Mitch McConnell က မြန်မာအစိုးရကို မနေ့က ပြင်းပြင်းထန်ထန် တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

မစ်ခ်ျ မက်ကောနဲလ်ဟာ အမေရိကန်အထက် လွှတ်တော်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေး အတွက် စစ်အစိုးရကို နှစ်ပေါင်းများစွာ ဖိအားပေးဆောင်ရွက်ခဲ့သူတွေထဲမှာ သြဇာ အကြီးမားဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။

ခါးသီးမုန်းတီး ကျိန်စာမီးနှင့် နာကြည်းအုံကြွ လက်ပံတောင်းဒေသ

လက်ပံတောင်း, ဝမ်ပေါင်ကုမ္ပဏီ, ဝက်မှေးကျေးရွာ, သဘာဝ သယံဇာတ

ဝက်မှေးရွာ အနီးကပ်လျက်ရှိသော လက်ပံတောင်းတောင် အနေအထား (ဓာတ်ပုံ – ဒေါက်တာ ကျော်သန်းထွန်း)

ပီးခဲ့တဲ့ တန်ဆောင်မုန်းလ အမျိုးသားနေ့က မန္တလေး ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းမှာ ဟောပြောပွဲတခု ကျင်းပခဲ့တယ်။ အဲဒီမှာ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ လောင်ကျုံးရဲ့ ပြောဆိုချက်ကို ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြန်တင်ပြပါတယ်။ တာဝန်ခံ လောင်ကျုံးက “ဒေသခံတွေကလည်း လက်မခံ၊ ဒေသအတွက်လည်း အကျိုးမရှိ၊ ကျနော်တို့ကိုလည်း မလိုလားရင် ကျနော်တို့ တရုတ်ပြည်ကို ပြန်ဖို့ပဲရှိပါတယ်” လို့ ပြောတယ်လို့ ဆိုပါတယ်။

ဧည့်သည်ကို ဒူးထောက် ကြိုဆိုရသည့် Vintage Luxury ရေပေါ်ဟိုတယ်၏ အပြုအမူ ရပ်ဆိုင်းရန် ဟိုတယ်/ခရီးမှ ပြင်းထန်စွာသတိပေး


25jl10



ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht  Hotel ရေပေါ်ဟိုတယ်တွင် ဟိုတယ်ဝန်ဆောင်မှု အနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေခြင်းကို လုံးဝရပ်ဆိုင်းရန် ပြင်းထန်စွာသတိပေးသည် ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ဇူလိုင် ၂၅ တွင် ထုတ်ပြန်သည်။
ဇူလိုင် ၂၅ ရက်တွင် ယင်းဟိုတယ်တည်ဆောင်သည့် လှလှပပကုမ္ပဏီမှ တာဝန်ရှိသူများကို နေပြည် တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယဝန်ကြီးဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ပုံမှန် ဟိုတယ် ဝန်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ် ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်းရန် ပြင်းထန်စွာ သတိပေးခဲ့သည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး မကြာမီ ဆယ်ယူတော့မည်


မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး, ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့
ယနေ့ ကျင်းပသော ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ရေး သတင်းစာ ရှင်းလင်းပွဲ(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ရေထဲတွင် နှစ်ပေါင်း ရာချီ နစ်မြုပ်နေသည် ဆိုသော မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ပြီး ယင်းခေါင်းလောင်းကြီးကို သြဂုတ်လအတွင်း ကုန်းပေါ်သို့ ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

Thursday, July 24, 2014

င်ငံတကာ အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည် အကူအညီပေးဖို့ အစိုးရဖိတ်ခေါ်

ရခိုင်မူဆလင်ဒုက္ခသည်စခန်း။
                                                             ရခိုင်မူဆလင်ဒုက္ခသည်စခန်း။

ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၂၀ကျော်  အနေနဲ့ လုပ်ငန်းတွေပြန်ပြီးလုပ်ကိုင် ကြဖို့ မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရက မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။ အဲ့ဒီ့အဖွဲ့တွေထဲမှာ အထူးသဖြင့် MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ လည်း ပါဝင်ပါတယ်။ အခုလို မြန်မာအစိုးရရဲ့ဖိတ်ခေါ်ချက်ကို MSF အဖွဲ့ကလည်း ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။

ကြက်ခြေနီ ဗိုလ်ကြီးကို စော်ကားခဲ့သည့် DVB သတင်းထောက်မလေးနှင့် ပတ်သက်၍ ဦးရဲထွဋ်ပြောတဲ့ သူ့အမြင်


အာဇာနည်နေ့အခမ်းအနားတွင် ကြည်ခြေနီဝန်ထမ်းတစ်ဦး၏ လုံခြုံရေးတာဝန်အရ စစ်ဆေးခြင်း
လုပ်ရပ်အပေါ် သတင်းထောက်တစ်ဦးက မကျေနပ်၍ လူမှုကွန်ယက်တွင် ဖြစ်ပျက်ခဲ့ခြင်းနှင့် စပ်
လျဉ်းပြီး ပြန်ကြားရေးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏အမြင်ကို ထုတ်ဖော်ခဲ့သည်။

မော်ဒယ်လ်က အိမ်အကူ မိန်းကလေးကို နှိပ်စက်သည့် အမှု ၅ လကြာအထိ ထူးခြားမှုမရှိ


မထက်ထက်နှင့် သူ၏ မိခင် (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ)
မထက်ထက်နှင့် သူ၏ မိခင် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)


အိမ်အကူ မိန်းကလေးကို နှိပ်စက်သည့် ဗီဒီယိုသရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူကို ကလေးငယ်၏ မိဘများက ယခုနှစ် မတ်လပိုင်းတွင် အမှုဖွင့်တရားစွဲဆိုထားသော်လည်း ၅ လကြာသည့်တိုင် သက်ဆိုင်ရာမှ တာဝန်ယူ ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

အသက် ၁၅ နှစ်အရွယ် မထက်ထက်သည် မြောင်းမြ မြို့နယ်၊ မဲကျော် ကျေးရွာအုပ်စု၊ ၀ဲဒေါင့် ကျေးရွာမှ  ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်၏ နေအိမ်သို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင် ရောက်ရှိကာ အိမ်အကူ အဖြစ် တလလျှင် လခငွေကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့သည်။

ကြက်ခြေနီအရာရှိတစ်ဦးအား ဆဲဆိုခဲ့သည့် DVB မှ သတင်းထောက် လေးလေးမွန်အား DVB သတင်းဌာနမှ ပြင်းထန်စွာ သတိပေးခဲ့

 
 အာဇာနည်နေ့က လုံခြုံရေးကဒ်မပါ၍ စစ်ဆေးမေးမြန်းခဲ့သော ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠကျော်အား DVB သတင်းထောက်
လေးလေးမွန်မှ ၄င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ

Tuesday, July 22, 2014

အာဟာရ ထမင်းကျွေးရာမှ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား



ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့အရှေ့ဘက် စစ်တောင်းမြစ် တစ်ဖက်ကမ်းရှိ ဇေယျသိမ် ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ဇူလိုင် ၂၁ရက် နံနက်ပိုင်းက ဆရာမ၊ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကင်းမှာ ခေါင်းဖြတ်လူသတ်သူ သေဒဏ်ချခံရ

ရန်ကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ လေးလကျော်က ဖြစ်ခဲ့တဲ့ ခေါင်းဖြတ် လူသတ်ကျူးလွန်သူ အသက် ၂၂ နှစ် အရွယ်ရှိတဲ့ ချစ်ပို (ခ) ဝေယံဖြိုးကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီနေ့မွန်းလွဲ ၁ နာရီမှာ သေဒဏ်အမိန့် ချခဲ့ပါတယ်။
ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး တွဲဘက်(၄) မှခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က “အခင်းဖြစ်တဲ့ညက သေဆုံးသူကို ထိုးကြိတ်ရိုက်နှက်ပြီး နာရီဝက်ခန့်ကြာမှ နေအိမ်ကနေ ငှက်ကြီးတောင်ဓါး ပြန်ယူပြီး ခေါင်းဖြတ်လူသတ်ခဲ့တာကို သက်သေအထောက်အထား ခိုင်လုံစွာနဲ့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သျှမ်း/မြောက် နမ့်ခမ်းတွင် တအာင်းတပ်မတော်နှင့် အစိုးရစစ်တပ်တိုက်ပွဲဖြစ် ရွာသား ၂ ဦးသေ

                                                     တိုက်ပွဲကြောင့် ကျည်ဆန်ထိမှန် ပျက်စီးသွားသော ဘုန်းကြီးကျောင်း
 
 သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် တအာင်း အမျိုးသား လွတ်မြောက် ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာ ဒေသခံ ရွာသား နှစ်ဦး သေဆုံး ခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

MH 17 လေယာဉ် Black Boxes ယူကရိန်းသူပုန်က မလေးရှားအာဏာပိုင်လက် အပ်

ကယ်ဆယ်ရေးအလုပ်သမားတစ်ဦး ပျက်ကျလေယာဉ်က Data recorder ကို သယ်ဆောင်လာစဉ်။

                                                                                                                                                                                                                                   ကယ်ဆယ်ရေးအလုပ်သမားတစ်ဦး       ပျက်ကျလေယာဉ်ကDatarecorderကို                                                 သယ်ဆောင်လာစဉ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရုရှားကိုလိုလားသူ ခွဲထွက်ရေးသူပုန်တွေက ပျက်ကျသွားတဲ့ မလေးရှားလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ black box ကို မလေးရှားကျွမ်းကျင်သူတွေ လက်ကို လွှဲပေးလိုက်ပါတယ်။

တနင်္လာနေ့နှောင်းပိုင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetask ဒွန်းနပ်စ်မြို့မှာ လွှဲပြောင်းပေးလိုက်တာပါ။

အမျိုးသားပညာရေး ဥပဒေမူကြမ်း ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြ

mdy-students-protest-305.jpg

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကျောင်းသူကျာင်းသား ၅၀ လောက် မန္တလေး ရတနာပုံတက္ကသိုလ်ရှေ့မှာ ဇူလိုင်လ                                                                                          21      ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ၊ ကျောင်းသူ ၅၀ လောက်ဟာ  အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဥပဒေအဖြစ် အတည်မပြုနိုင်အောင် ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ် သွားမယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဉာဏ်ထိန်လင်းက အခုလိုပြော ပါတယ်။

မြန်မာဒုက္ခသည်စာရင်း ထိုင်းအာဏာပိုင်တွေ စတင်ကောက်ယူ


ိထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)

ိထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)

မြန်မာနိုင်ငံတွင်းက ပြည်တွင်းစစ်တွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ ဒုက္ခသည်တွေကို ဆယ်စုနှစ်တွေနဲ့ချီ လက်ခံထားရှိခဲ့တဲ့ ထိုင်းနိုင်ငံက ဒီဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့တော့မယ်လို့ ကြေညာအပြီးမှာ ဒုက္ခသည် သန်ခေါင်စာရင်းကို ထိုင်းစစ်အစိုးရက စပြီး ကောက်ယူနေပါတယ်။

တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံ ရှေ့နှစ်တွင် ပြောင်းမည်

                                  
                                                   တက္ကသိုလ်ကျောင်းသူလေးများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးစနစ်ပုံစံကို ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်တွင် ပြောင်း လဲကျင့်သုံးရန် ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများနှင့် အကြံ ပေးပညာရှင်များက ဆွေးနွေးဆုံး ဖြတ်လိုက်ကြောင်း သတင်းရရှိ သည်။

ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးစ နစ်ပုံစံကို ပြောင်းလဲကျင့်သုံးရန် အချိန်ကာလအခက်အခဲကြောင့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ပြောင်းလဲကျင့်သုံးရန် ဆွေးနွေးဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ပင်စင်စားများအနေဖြင့် ပင်စင် တစ်လစာ အပြည့်ရှိမှသာ ဘဏ်ဖွင့်ရက်တိုင်း ထုတ်ယူနိုင်မည်

မိဘပြည်သူ ပင်စင်စားများ အနေဖြင့် မိမိတို့၏ ပင်စင်လစာများ ထုတ်ယူရာတွင် ပင်စင်လစာ တစ်လစာ အပြည့် ရှိမှသာလျှင် ဘဏ်ဖွင့်ရက်တိုင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ ဘဏ်မန်နေဂျာ တစ်ဦးက ပြောသည်။

ဆွံ့အနားမကြားသော အမျိုးသမီးကို ခေါ်ဆောင်သွား၍ သားမယား ပြုကျင့်သည်ဟုဆိုသူကို ၂၄နာရီအတွင်း ဖမ်းမိ

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ်သပြုပင်ကျေးရွာတွင် ဆွံ့အ နားမ ကြားသော အမျိုးသမီးငယ်တစ်ဦး အားတစ်ရွာတည်းနေအမျိုးသား တစ်ဦးမှ ခေါ်ဆောင်သွားပြီး အလို မတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄နာရီ အ တွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူနိုင်ခဲ့ကြောင်း ဒေသခံတို့ ထံက သိရသည်။ဖြစ်စဉ်အကျဉ်းမှာ

You might also like

Related Posts Plugin for WordPress, Blogger...