home

Thursday, November 20, 2014

အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် မြင့်မားလာသော နိုင်ငံစာရင်းတွင် မြန်မာပါဝင်

ကိုးလ်ကတ္တားရှိ ဗန့်စ်ဟောလ်တရားရုံးသို့ ရုံးထုတ်လာသည့် မြန်မာနိုင်ငံသား တရားခံ ခါလစ်မိုဟာမက်ကို အိန္ဒိယအမျိုးသားထောက်လှမ်းရေးအေဂျင်စီ အရာရှိများ၊ အနောက်ဘန်ဂေါပြည်နယ်ရဲများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ပါကစ္စတန် တာလီဘန်အဖွဲ့ TTP က ဖောက်ခွဲရေး ကျွမ်းကျင်သူအဖြစ် လေ့ကျင့်ပေးထားသော ခါလစ်ကို ဘာ့ဒ်ဝမ်မြို့တွင် အောက်တိုဘာ ၂ ရက်ကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ RSO မှ အဖွဲ့ဝင်တစ်ဦးအဖြစ် စွပ်စွဲထားသည်။ ဓာတ်ပုံ − အေအက်ဖ်ပီ
အကြမ်းဖက်တိုက် ခိုက်မှုများ ဖြစ်ပွားနိုင်သည့် အန္တ ရာယ် ပိုမြင့်လာသော နိုင်ငံများ အဖြစ် ကမ္ဘာတစ်ဝန်း သတ်မှတ် ထားသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံ တွင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့ ပါဝင်ကြောင်း မကြာသေးမီက ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှု ညွှန်းကိန်း (GTI) အ စီရင်ခံစာအရ သိရသည်။

သြစတြေးလျနိုင်ငံရှိ စီးပွား ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်း က ထုတ်ပြန်သည့် ယင်းအစီရင် ခံစာတွင် ကမ္ဘာတစ်ဝန်းဖြစ်ပွား နေသော အကြမ်းဖက်တိုက်ခိုက်မှု စုစုပေါင်း၏ ၈၂ ရာခိုင်နှုန်းမှာ နိုင် ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါ ကစ္စတန်၊ အီရတ်နှင့် ဆီးရီးယား အစရှိသည့် ငါးနိုင်ငံ၌သာ ဖြစ် ပွားကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်တိုက်ခိုက်မှု အ ကြိမ်အရေအတွက်များသော အ ခြား ငါးနိုင်ငံတွင် အိန္ဒိယ၊ ဖိလစ် ပိုင်နှင့် ထိုင်း အစရှိသည့် အာရှ နိုင်ငံများ ပါဝင်နေသည်။ ယင်း နိုင်ငံများမှာ ခွဲထွက်ရေးအုပ်စုများကြောင့် အဓိကအန္တရာယ် ကျရောက်နေသည်။
စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံပေါင်းများစွာမှာ မကြာသေး မီနှစ်များအတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိခိုက် မှုမရှိသလောက်ဖြစ်ကြောင်း သိရ သည်။
ယင်းမှာ အကြမ်းဖက်တိုက် ခိုက်မှုသည် တစ်ကမ္ဘာလုံးနှင့်ဆိုင် သော ဖြစ်စဉ်ဖြစ်ကာ အချို့သော နိုင်ငံများတွင် မည်သည့်အတွက် ကြောင့် ပိုမိုဖြစ်ပွားကြောင်း GTI က အလေးထား ဖော်ပြခြင်းအ ပေါ် ကျွမ်းကျင်သူများက သတိ ပေးရခြင်း၏ အကြောင်းရင်းများ အနက်တစ်ခုဖြစ်သည်။
ကမ္ဘာတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုအရေအတွက် မြင့် တက်လာသည်ကို အသိအမှတ်ပြု ကြရမည်ဖြစ်ကာ အာဖရိကတွင် အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာသော်လည်း ၂၀၁၃ ခုနှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံး ခဲ့သော လူအရေအတွက်ထက် သာမန်လူသတ်မှုဖြင့်သေဆုံးသူ အရေအတွက် အဆ ၄၀ ပိုများခဲ့ သည်ကိုလည်း အသိအမှတ်ပြုကြ ရမည်ဟု ကော်လိုရာဒိုတက္ကသိုလ် မှ ကထိက ဒန်အက်ရစ်ဆန်က ပြောသည်။
အကြမ်းဖက်တိုက်ခိုက်မှုအ များစုမှာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှု မဖြစ်ပေါ်စေခဲ့သော်လည်း  အကြမ်းဖက်တိုက်ခိုက်သည့် အ ကြောင်းရင်းများ ပြောင်းလဲမှုရှိ လာကြောင်း GTI က ဖော်ပြ သည်။
အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်ရန် အဓိကမောင်းနှင် သော အရာများမှာ အမျိုးသားရေး နှင့် ခွဲထွက်ရေးလှုပ်ရှားမှုများ ဖြစ် လေ့ရှိသည်။
ယခုအခါ အကြမ်းဖက်တိုက် ခိုက်မှုများ ပြုလုပ်ရန် အဓိက မောင်းနှင်သော အရာမှာ ဘာသာ ရေးဖြစ်လာကြောင်းသိရသည်။
အီရတ်နှင့် ဆီးရီးယားနိုင်ငံ တို့တွင် အကြမ်းဖက်တိုက်ခိုက်မှု များ မြင့်တက်လာမှု၌ ဘာသာ ရေးက အဓိကကျသည်။ အစွန်း ရောက်အဖွဲ့များက ဒေသအ လိုက် အာရုံစိုက်လှုပ်ရှားလာကြ သည်ကို တွေ့မြင်ရသည့်အတွက် အနာဂတ်တိုက်ခိုက်မှုများ၏ အန္တ ရာယ်များကို လျှော့ချရန် နည်း လမ်းတစ်ခုအဖြစ် အခွင့်အရေး များ၊ သည်းခံမှုများ ပိုများလာ အောင် အလေးထားဆောင်ရွက် ရမည်ဟု GTI က သတိပေးထား သည်။
ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံများမှာ လူ့အဖွဲ့ အစည်းများကြား ကောင်းမွန် သော ဆက်ဆံရေးများ၊ လက်ခံ နိုင်မှုနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုတို့ကဲ့သို့ အဓိကကိစ္စများ အားနည်းနေ သောကြောင့် ယင်းနိုင်ငံများတွင် ရှေ့လာမည့်နှစ်များအတွင်း အ ကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် များ ပိုများလာနိုင်ကြောင်း GTI က ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာအကြမ်း ဖက်တိုက်ခိုက်မှု ညွှန်းကိန်း GTI ၏ အစီရင်ခံစာအရ အကြမ်းဖက် လှုပ်ရှားမှု ပိုများလာသည့် အန္တ ရာယ်နှင့် ကြုံနေသော နိုင်ငံများ မှာ အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ဗဟိုအာဖရိက၊ အိုင်ဗရီ ကို့စ်၊ အီသီယိုးပီးယား၊ အီရန်၊ အစ္စရေး၊ မာလီ၊ မက္ကဆီကို၊ မြန် မာ၊ သီရိလင်္ကာနှင့် ယူဂန္ဓာနိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။

Credit To  7daydaily

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...