home

Friday, July 11, 2014

စိမ်းလန်းစိုပြေနေသော သစ်ပင်ကြိးတစ်ပင် ရုပ်တရက် ပြိုလဲသွားခြင်း လူအချို့ ပါးစပ်ပိတ်နေ


“ရှင်ကလဲ ညကြိးမင်းကြိး မသွားပါနဲ့လား ကျမ ညကအိပ်မက်တွေကလဲ မကောင်းဘူး အခုလဲ စိတ်ထဲလေးနေတယ် နောက်မနက် လင်းလင်းကျင်းကျင်းမှ အေးအေးဆေးဆေးသွားလဲ ဖြစ်တဲ့ကိစ္စကို” မတီတီစိန် အေးအေးဆေးဆေး ဖျောင်းဖျနားချပြိး ခင်မွန်းဖြစ်သူကို ပြောသည် ထုံးစံအတိုင်း ခေါင်းမာတဲ့ ခင်မွန်းသည် ကိုတိုနီ သူ့စကားကို နားမ၀င်


“မင်းကလဲကွာ ကိုယ်သွားမယ့်ခရီးကို ငါ့အကြောင်းမင်းလဲသိလျက်နဲ့ ငါ အခုချိန်ထိ ဘယ်သူ့အပေါ်မှ မတရားလုပ်ခဲ့ဖူးတာ မရှိဘူး လူတိုင်းကို စေတနာနဲ့ ငါတတ်နိုင်သမျှကူညီခဲ့တယ် ဘယ်သူ့ကိုမှ ငါမမုန်းခဲ့ဖူးတဲ့အတွက် ငါ့မှာရန်သူဆိုတာ မရှိဘူး ငါသွားစရာရှိတာ သွားမှာပဲ” …
ပြောပြောဆိုဆို အိပ်ဆွဲပြိး အလုပ်ခန့်ထားတာ မကြာသေးတဲ့ ဒရိုင်ဘာအသစ်ကိုခေါ်ကာ ညနေ ၇ ရက် ၇ လ ညနေ ၇ နာရီခွဲမှာ မြို့လည်ရုံးခန်းမှ စီးတော်ယျာဉ် အဗင်ဆာကားနဲ့ ပီနန် ဘာတာဝတ် ဘက်ကို ကိုယ်တိုင် ကားမောင်းထွက်ခွါသွားခဲ့သည် …… ။

နောက်တမနက်အကူး ညသန့်ခေါင်ကျော် ၈ ရက် ၇ လ ည ၁ နာရီခွဲအချိန်တွင် ခေါ်သွားသော ကားဒရိုင်ဘာထံမှ မိသားစုထံ ဖုန်းဝင်လာသည် ကိုတိုနီ အသတ်ခံရတယ်တဲ့ ….. ။
ကွာလာလမ်ပူမှာ ကျန်ရစ်တဲ့မိသားစုများ ညတွင်းချင်း နောက်ကားတစီးဖြင့် ချက်ချင်းလိုက်သွားကြသည် ။ အလောင်းကို ဘာတာဝတ်ဆေးရုံးမှာ ချက်ချင်းထုပ်ယူပြိး ကွာလာလမ်ပူမြို့သို့ နေ့ချင်းသယ်ဆောင်လာခဲ့သည် ။

(ရဲအမှုနဲ့ သေဆုံးသူကို လွယ်လွယ်ကူကူ ပြန်လည်သယ်ယူလို့ရသလို အရေးကြိး မျက်မြင်သက်သေဖြစ်တဲ့ ဒရိုင်ဗာကို ဘာတာဝတ်ရဲများက မြန်မာပြည်ပြန်ပို့လိုက်သတဲ့ ) အံဖွယ်ပါတကား ..။

မလေးရှား နိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အခြေချနေထိုင်လာတဲ့ ကိုတိုနီသည် မြန်မာ အသိုင်းအ၀ိုင်းအတွင်း မသိသူမရှိသလောက် နာမည်ကြိး အရေးပါသူဖြစ်ခဲ့သည် ။
စီးပွါးရေးအရ တရားဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ မိမိအလုပ်အပေါ်သစ္စာရှိပြိး လိပ်ပြာလုံသူ မိမိကိုယ်မိမိ ယုံကြည်ချက်ကြိးသူဖြစ်သည် အထူးသဖြင့် သူတပါးအပေါ် ဘယ်သောအခါကမှ မတရားမလုပ်ခဲ့ဖူးဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်သလို သူတပါးကလဲ သူ့ကိုမတရားလုပ်လိမ့်မယ် မဟုတ်ဘူးလို့ အယုံကြည်လွန်ကဲသူ တယောက်ဖြစ်၏ ။ဘုရားသခင်မှတပါး မည်သူ့ကိုမှ ယုံကြည်မှုမထားတတ်သော လူ့မိစ္ဆာများကိုပါ သူ အယုံကြည်လွန်ခဲ့မိသည် ။

သူ့ယုံကြည်ချက်တွေ လွဲမှားခဲ့ပြိဆိုတာ ကိုယ်တိုင်မှ သိသွားပါလေစ …….
ကိုတိုနီရယ်လို့ သာမာန်သိသူများနဲ့ ထဲထဲဝင်ဝင် သိသူများတို့ရဲ့ ထုံးစံသဘာဝအတိုင်း အမြင်တွေ မတူညီကြတာမဆန်း သာမန်သိသူများအနေဖြင့် ကိုတိုနီသည် လူဆိုးအဖြစ်လဲ မြင်နိုင်သည် လူကောင်းတယောက်အဖြစ်လဲ မြင်နိုင်သည် ။

လုပ်ငန်းသဘာဝအရ လူမှုရေး ဘာသာရေးအရ ရင်းရင်းနှီးနှီးကျွမ်းဝင်သူ အားလုံး၏ အမြင်အရ ပြောရမယ်ဆိုလျင် စိတ်နှလုံး အင်မတန်ဖြူစင်ပြိး သဘောထားကြိးသူ ခွင့်လွတ်သည်းခံတတ်သူ စိတ်ရှည်သူ မဟုတ်မခံစိတ်ရှိသူ အားနည်းသူများကို အားပေးကူညီတတ်သူ အလှုအဒါန်းရက်ရောသူ ပရဟိတအသင်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်မလုပ်ဆောင်နိုင်ပေမယ့် ငွေအားစိတ်ဓာတ်အင်အားဖြင့် အပြည့်အ၀ ပံပိုးကူညီပေးသူ မလှုတတ်လျင် ဈေးရောင်းဆိုတဲ့ ဆိုရိုးစကားအတိုင်း လုပ်ငန်းသဘာဝအရ မတတ်နိုင်သူများကို စေတနာအပြည့်အ၀ဖြင့် ကူညီပေးခဲ့သူ သွေးမတော် သားမစပ်ပေမယ့် ကိုတိုနီကျေးဇူး အရိပ်အာဝါသ မှီခိုပြိး အဆင်ပြေနေကြတဲ့ သူတွေဆိုတာ မလေးရှားမှာ မလေးတွေသာရှားလျင်ရှားမည် ကိုတိုနီကျေးဇူးကင်းသူ မရှားခဲ့ ။

အရှင်ဘုရား တပည့်တော်မ မှီခိုးအားထားနေရတဲ့ သစ်တပင်လုံးကြိး အမြစ်ကစ ပြိုလဲသွားခဲ့တာဘုရား …။
ကျန်ရစ်သူ မိခင်ကြိး အသက် (၇၄) နှစ်ရှိပြိဖြစ်တဲ့ မလေးရှားမှာ သာသနာပြုနေကြသော သံဃာတော်များအားလုံးက မယ်တော်ကြိးရယ်လို့ တလေးတစား ခေါ်ဆိုနေကြတဲ့ ကိုတိုနီမိခင် ဒေါ်မြင့်မြင့်ဝင်းရဲ့ ပြည်တမ်းစကား ….။

ကိုယ်တိုင်ကိုယ်ကျ သာသနာရေး ဘာသာရေး လှုမှုရေးများကို မလုပ်ကိုင်နိုင်သည့်အတွက် မိခင်ဖြစ်သူကို မြန်မာပြည်ကနေ ခေါ်ယူထားပြိး တချက်ခုပ် နှစ်ချက်ဖြတ်ရည်ရွယ်ချက်ဖြင့် မိခင်ဖြစ်သူကို စောင့်ရှောက်ပြိးသားလဲဖြစ် ကုသိုလ်ရေး လှုမှုရေးများကို မိမိကိုယ်စား အချိန်ပြည့်လုပ်ဆောင်ပေးနိုင်သူလဲဖြစ်အောင် ငွေကြေးလုံလုံးလောက်လောက် ပြည့်ဆည်းပေးပြိး ထောက်ပံပေးထားနိုင်သည့်အတွက် မလေးရှားရောက် မြန်မာအသိုင်းအ၀န်းကြား သာရေးနာရေးမှန်သမျှ မယ်တော်ကြိးဆိုတာ ထိပ်ဆုံးက ..။

နာမည်အရင်း ဒေါ်မြင့်မြင့်ဝင်းဆိုတဲ့ အမည်ပျောက်ပြိး သံဃာတော်တိုင်းရဲ့ နှုပ်ဖျားက တလေးတစားခေါ်ဝေါ်ကြတဲ့ မယ်တော်ကြိးဆိုတဲ့ ဧတဒဂ်ဘွဲ့ အမည်သည် လိုက်ဖက်လွန်းပေ
သည်တကား ..။

အော် ယခုတော့ လူ့မိစ္ဆာတွေရဲ့ လက်ချက်ကြောင့် မယ်တော်ကြိးမှာ အားကိုးရာ သစ်ပင်ကြိး အမြစ်ကစဖြိုလဲ ခံလိုက်ရသလို မလေးရှားရောက် မြန်မာအများစု အဖို့လဲ အစားထိုးမရတဲ့ ရှုံဆုံးမှုကြိးတရပ်ပါပေ …..

မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ဝင်း ချစ်ဇနီး မတီတီစိန်(ခေါ်) မယု သုံးနှစ်သမိးလေး မသုဆန်းဝါ မိသားစုနှင့် သူချစ်သော မလေးရှားရောက် မြန်မာမိသားစု မိတ်ဆွေများ သူငယ်ချင်း အပေါင်းအသင်းများ သူကြည်ညိုလေးစားရပါသော ဆရာတော် သံဃာတော်များ အားလုံးကို ဒီကနေ့ ၉ - ၇ - ၂၀၁၄

ဗုဒ္ဓဟူးနေ့တွင် ကွာလာလမ်ပူ မြို့တော် ဂျရတ်သုဿန်တွင် သူလိုမဖြစ်ရလေအောင် ( သို့မဟုတ်) သူကဲ့သို့ သည်လမ်း သည်စခမ်းကို အားလုံးသွားရမယ်ဆိုတာကို သတိတရား သံဝေဂတရားများကို ကိုယ်တိုင်ဘ၀နှင့် ရင်းပြီး လမ်းပြကာ မလေးရှားမှ အပြီးတိုင် နှုပ်ဆက်ထွက်ခွါသွားရှာပေပြီတကား


Credit To  www.MyanmarExpress.net

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...