home

Thursday, July 17, 2014

ဘင်္ဂါလီဖြစ်ကြောင်း ဝန်ခံမှသာနိုင်ငံသားဖြစ်ခွင့်ကို စီစစ်ပေးမည်


ရခိုင်ပြည်နယ်ရှိ  ဘင်္ဂါလီလူ မျိုးများအနေဖြင့် ၄င်းတို့ကိုယ်တိုင် ဘင်္ဂါလီဖြစ်ကြောင်း ဝန်ခံပြီး နိုင်ငံသားဖြစ်ခွင့် စိစစ်ပေးရန်တောင်းဆိုမှသာ ၁၉၈၂ ခုနှစ် ဥပဒေ ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်သန်းက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ဇူလိုင် ၁၆ ရက်တွင်ပြော ကြားသည်။

ဇူလိုင် ၁၃ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့၌ လဝကမှ တာ ဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ရခိုင် ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စစ်တွေ ဘင်္ဂါလီခေါင်းဆောင်တချို့တက်ရောက်သော နှစ်ဖက်တွေ့ဆုံဆွေး နွေးပွဲ
တွင် ပြောဆိုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အွန်လိုင်းသတင်းဌာနတစ် ခုဖြစ်သည့် ကုလားတန်သတင်းဌာနအနေဖြင့် ၄င်းတို့၏သတင်းစာမျက်နှာမှ ''အစိုးရအနေဖြင့် ရိုဟင်ဂျာဟု လက်မခံနိုင်သလို ဘင်္ဂါ လီဟူ၍လဲ ခင်ဗျားတို့လက်မခံဟုသိရသဖြင့် ရခိုင်ပြည်နယ်တွင်နေသော မူဆလင်များကို 'ရခိုင်မူဆလင်လူမျိုး'ဟု သတ်မှတ်ပေးရန် စဉ်းစားနေကြောင်းဒုဝန်ကြီးဦးကျော်ကျော်ဝင်းက ပြောကြားသွားခဲ့သည်''ဟု
 ဖော်ပြထားမှုနှင့်ပတ်သက်ပြီး ဦးမောင်မောင်သန်းက ပြန် လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

''ဒါနဲ့ပတ်သက်ပြီး သတင်းမှားထွက်လာတာ အရမ်း အံ့သြမိတယ်။ ရခိုင်မှာရှိတဲ့ ဘင်္ဂါလီတွေက သူတို့ကိုယ်တိုင် ဘင်္ဂါလီလို့ဝန်ခံပြီး နိုင်ငံသားဖြစ်ဖို့စစ်ဆေးပေးပါလို့ တောင်း ဆိုမှ ၁၉၈၂ခုနှစ် ဥပဒေအရ စစ်ဆေးပေးမှာပါလို့ ဦးကျော် ကျော်ဝင်းက ပြောကြားသွားတာပါ။ အင်တာနက်မှာတွေ့ တာ သတင်းအမှားပါ''ဟု ၄င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိမရှိ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစု ရေးဆပ်ကော်မတီအတွင်းအရေးမှူး ဦးဝင်းမြိုင်က ပြော သည်။

၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေအတိုင်း ဆောင် ရွက်မှုကို ဇူလိုင်လအတွင်းဆောင်ရွက်ရန် မူလကရည်ရွယ် ထားခဲ့သော်လည်း ဘင်္ဂါလီများ၏ပူးပေါင်းမှုဖြင့် ယခုကဲ့သို့ အလျင်အမြန် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
''အစတော့ စမ်းသပ်ကောက်မယ်ဆိုပြီးတော့ သွား တာ။ ဒါပေမဲ့ ဘင်္ဂါလီတွေက ပြည်ထောင်စုကြီးရဲ့ ဥပဒေ အတိုင်း လိုက်နာပါ့မယ်ဆိုတော့ တစ်ခါတည်း ကောက် လိုက်တာ''ဟု ဦးဝင်းမြိုင်ကပြောသည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းကို ဘင်္ဂါလီဦးရေ ၃ဝဝဝ ကျော်ရှိသည့် ရခိုင်ပြည်နယ်မြေပုံမြို့နယ်ကို စံပြမြို့နယ် အဖြစ်သတ်မှတ်၍ ဇွန် ၁၅ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။

Credit To  ဖိုးသူတော်

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...