home

Friday, July 11, 2014

သားမယားအဖြစ်နေထိုင်ပုံများကို အင်တာနက်တင်သူ မကွေးမြို့နယ်တရားရုံးက ထောင်နှစ်နှစ်ချမှတ်










အလုပ်လုပ်ကိုင်နေသည့် တရားလိုမိန်းကလေးသည် အဆိုပါ ဆိုင်မှပစ္စည်းဝယ်ယူဖောက်သည်ဖြစ်သည့် ဦး...အသက်(၄၂)နှစ် ကန်သာရပ်ကွက်နေသူနှင့် ခင်မင်ရင်းနှီးကာ စတိုးဆိုင်ပိတ်ချိန် နောက်ပိုင်းတွင် တီဗွီအောက်စက် ပြုပြင်သည့် ပညာသွားရောက်သင်ယူခဲ့စဉ် ငြိစွန်းခဲ့ပြီး



သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ထိုသူတွင် အိမ်ထောင်ရှိ ကြောင်းသိရသဖြင့် တရားလိုမိန်းကလေးက ရှောင်တိမ်းနေစဉ် ရက်မမှတ်မိ ည ၇ နာရီချိန် ထိုသူရောက်ရှိလာပြီး ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်သို့ အတင်းအကျပ် ခေါ်ဆောင် သွားသဖြင့် လိုက်သွားခဲ့ရာ ၎င်းကသားမယားအဖြစ် နေထိုင်ရန်ပြောကြားခဲ့ရာ ငြင်းဆန်ခဲ့သဖြင့် မိန်းကလေး၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ခန္ဓာကိုယ်အား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ထို့နောက် သားမယားအဖြစ် နေထိုင်သည့် ပုံများကို အင်တာနက်တင်မည်ဟု ခြိမ်းခြောက်ကာ အခွေများအား မိန်းကလေး ထံလာရောက်ပေးသဖြင့် တရားလို မိန်းကလေးက ရှက်သဖြင့် မန္တလေးသို့ နှစ်ပတ်ကြာထွက်သွားခဲ့သည်။

ထို့နောက် မကွေးမြို့သို့ ပြန်လည်ရောက်ရှိပြီး မိမိအလုပ်လုပ်ကိုင်ခဲ့သည့် စတိုးဆိုင်တွင် ပြန်လည်အလုပ်လုပ် ကိုင်နေစဉ် ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်မှဝန်ထမ်းအမျိုးသားက တရားလို မိန်းကလေးနှင့် သားမယားအဖြစ်နေထိုင်သည့် ဗွီဒီယိုအား အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုတွင် ကြည့်ရှုရ ကြောင်းပြောကြားရာ သိရှိခဲ့သဖြင့် ဦး...အား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သော အမှုဖြစ်သည်။ မကွေးမြို့မရဲစခန်းမှ ဦး...အား (ပ) ၁၃၇/၂၀၁၃ ပုဒ်မ ၃၇၆/၅၀၀/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး အဆိုပါ အမှုအား ခိုင်မာစွာတည်ဆောက်၍ မကွေးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မကွေးမြို့နယ် တရားရုံးကဇူလိုင် ၄ ရက်တွင် တရားခံ ဦး...အား ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

credit to ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment

You might also like

Related Posts Plugin for WordPress, Blogger...